Pages

Wednesday, October 11, 2017

ခရီးသွားရာသီ နှစ်စပိုင်းမှစတင်၍ တောင်သမန်တံတားကြီးသို့ ကမ္ဘာလှည့်ခရီးသွား ဧည့်သည် တစ်နေ့လျှင် ပျမ်းမျှ ဦးရေ ၅ဝဝကျော် စတင်ဝင်ရောက်နေ



မန္တလေး ၁၁-၁၀-၂၀၁၇

ခရီးသွားရာသီနှစ် စပိုင်းမှစတင်၍ တောင်သမန်တံတားကြီးသို့ ကမ္ဘာလှည့်ခရီးသွား ဧည့်သည်တစ်နေ့လျှင် ပျမ်းမျှ ဦးရေ ၅ဝဝ ကျော် စတင်ဝင်ရောက် နေပြီဖြစ်ကြောင်း ငှက်လှေအသင်းဥက္ကဋ္ဌ ဦးစိုးဝင်းထံမှ သိရသည်။

ယခုအခါ ခရီးသွားရာသီ ကာလရောက်ရှိလာပြီဖြစ်၍ ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များမှာ မန္တလေးမြို့ရှိ အထင်ကရနေရာများနှင့် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေတို့သို့ စတင်ဝင်ရောက်လျက်ရှိပြီး အောက်တိုဘာလမှစတင်၍ တောင်သမန်အင်း အတွင်းသို့ နိုင်ငံခြားသား ဧည့်သည်အများအပြား စတင်ဝင်ရောက်နေပြီ ဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ အထင်ကရနေရာ တစ်ခုဖြစ်သည့် တောင်သမန်တံတားကြီးသို့ ခရီးသွားရာသီကာလ အစပိုင်းမှစတင်၍ နိုင်ငံခြားသားဧည့်သည်များ နှစ်စဉ်နှစ်တိုင်း လာရောက်လေ့လာ လျက်ရှိကြောင်း၊ လာရောက် လည်ပတ်ကြသူများမှာ အရှေ့တောင်အာရှနိုင်ငံများအပြင် ဥရောပနိုင်ငံများမှလည်း လာရောက်လေ့လာ လျက်ရှိကြောင်း သိရသည်။

"အခုရက်ပိုင်း အတွင်းမှာတော့ ခရီးသွားဧည့်သည်တွေ တော်တော်များများ ဝင်နေတယ်။ မနှစ်ကနဲ့ စာရင်ဒီနှစ်ဝင်ရောက်တာက နည်းသေးတယ်။ မနှစ်က ဒီလိုအချိန်ဆိုရင် ကမ္ဘာလှည့်ခရီးသွားတွေ အများကြီးဝင်ရောက် နေပါတယ်။ အခုဝင်ရောက်တဲ့အထဲမှာ တရုတ်နိုင်ငံက အများဆုံးလာပါတယ်"ဟု ၎င်းက ပြောပြသည်။

ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များသည့် တောင်သမန်အင်းကြီး အလှအပများနှင့် ညနေနေဝင်ဆည်းဆာ အလှအပကြည့်ရှုမှုများနှင့် ငှက်လှေစီးနင်း၍ အလှဓာတ်ပုံရိုက်ကူးမှုများကို လုပ်ဆောင်ရန်အများဆုံး စိတ်ဝင်စား ကြကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment