Pages

Tuesday, October 24, 2017

မျိုးသုဉ်းလုနီးပါးဖြစ်နေသော တောင်ငုံးရင်မည်းငှက် နေထိုင်ကျက်စားရာ မြေနိမ့်မြေပြန့်တောများ ပျောက်ကွယ်နေ



ထားဝယ် ၂၄-၁၀-၂၀၁၇

မျိုးသုဉ်းလုနီးပါးဖြစ်နေသော တောင်ငုံးရင်မည်းငှက် နေထိုင်ကျက်စားရာ မြေနိမ့်မြေပြန့်တောများသည် ၂ဝဝ၇ ခုနှစ် အခြေအနေထက် ၈ဝ ရာခိုင်နှုန်းခန့် ပျောက်ကွယ်လျက်ရှိကြောင်း အဆိုပါငှက်များကို သုတေသန ပြုလုပ်နေသည့် FFI မှ တနင်္သာရီဒေသ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအစဉ် ညှိနှိုင်းရေးမှူး ဦးနေမျိုးရွှေက ပြောသည်။

တောင်ငုံးရင်မည်းငှက်ကို ၂ဝဝ၇ ခုနှစ်မှ ၂ဝ၁၃ ခုနှစ်အထိ သုတေသနပြုလုပ်ခဲ့ ပြီးနောက် သုံးနှစ်အကြာ ၂ဝ၁၆ ခုနှစ်နှင့် ၂ဝ၁၇ ခုနှစ်တို့တွင် သုတေသနပြုလုပ်ရာ ယင်းငှက်မှီခိုနေထိုင်သည့် မြေနိမ့်မြေပြန့် တောများသည် စိုက်ပျိုးမြေ ချဲ့ထွင်လာမှုကြောင့် ၂ဝဝ၇ ခုနှစ်အခြေအနေထက် ၈ဝ ရာခိုင်နှုန်းခန့် ပျောက်ကွယ်လျက်ရှိကြောင်း သိရသည်။

အဆိုပါငှက် ကျက်စားရာနေရာများ ပျောက်ကွယ်ရခြင်းသည် အဓိကအားဖြင့် ဆီအုန်းအပါအဝင် စိုက်ပျိုးရေးလုပ်ငန်းများ ချဲ့ထွင်ခြင်းကြောင့်ဖြစ်ပြီး သုတေသနပြုလုပ် ချက်အရ ငှက်အကောင်ရေ အတိအကျမသိ ရှိနိုင် သော်လည်း လက်ရှိအခြေအနေအရ အသက်ရှင်နေသည့် ငှက်အကောင်ရေ နည်းပါးနိုင်ကြောင်း သိရသည်။

တောင်ငုံးရင်မည်းငှက်ကို မြန်မာနှင့် ထိုင်းနိုင်ငံတို့၌သာ တွေ့ရပြီး မြန်မာနိုင်ငံ၌ တနင်္သာရီတိုင်းဒေသကြီး ဆွန်ဒဟတ်တောများ၊ မြိတ်နှင့် ကော့သောင်းဒေသအနီး တစ်ဝိုက်၌ နေထိုင်ကျက်စား ကြသည်။

#Themyawadydaily

No comments:

Post a Comment