Pages

Monday, October 2, 2017

ခရီးသွားရာသီအစတွင် သေမင်းတမန်မီးရထားလမ်းပိုင်း ပြတိုက်သို့ လာရောက်လေ့လာသူများပြား



သံဖြူဇရပ် ၂-၁၀-၂၀၁၇

ပြည်တွင်းပြည်ပ ခရီးသွားပြည်သူများ ကြည့်ရှုလေ့လာနိုင်ရန် မွန်ပြည်နယ် သံဖြူဇရပ်မြို့၌ ဖွင့်လှစ်ပြသထားသော သေမင်းတမန်မီးရထား လမ်းပိုင်းပြတိုက် (The Death Railway Museum) သို့ ပွင့်လင်းရာသီအစတွင်ပင် လာရောက်လေ့လာသူ များပြားလျက်ရှိကြောင်း အဆိုပါပြတိုက် တာဝန်ခံရုံးမှ သိရသည်။

နိုင်ငံခြားခရီးသွား ဧည့်သည်များမှာ သေမင်းတမန်မီးရထား လမ်းပိုင်းတွင် ပထမဆုံးပြေးဆွဲခဲ့သော ကျောက်မီးသွေးစွမ်းအင်သုံး C-0522 ရထားစက်ခေါင်းကို လည်းကောင်း၊ မြန်မာ-ထိုင်း သေမင်းတမန် မီးရထားလမ်းပိုင်း စတင်ဖောက်လုပ်ရာ အထိမ်းအမှတ်နေရာသို့ လည်းကောင်း၊ မီးရထားပြတိုက်သို့ လည်းကောင်း လာရောက်လေ့လာကြည့်ရှု ကြကြောင်း သိရသည်။

အဆိုပါပြတိုက်ကို နေ့စဉ် နံနက် ၇ နာရီမှ ည ၇ နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ပြသထားပြီး ခုနစ်နှစ်အောက် ကလေးငယ်များ၊ ရဟန်းသံဃာများနှင့် သီလရှင်များအား ဝင်ကြေးအခမဲ့ဖြင့် ဝင်ခွင့်ပြုပြီး ခုနစ်နှစ်အထက်ကလေးနှင့် လူကြီး တစ်ဦးလျှင်ငွေကျပ် ၈ဝဝ သတ်မှတ်ထားကာ နိုင်ငံခြားခရီးသွားဧည့်သည် တစ်ဦးလျှင် ငွေကျပ် ၅ဝဝဝ ပြတိုက်ဝင်ကြေးပေးရမည် ဖြစ်သည်။

အဆိုပါပြတိုက်တွင် မြန်မာနိုင်ငံရှိ ဘုရားသုံးဆူ တောင်ကြားလမ်းမှ ထိုင်းနိုင်ငံဘက်သို့ ဖောက်လုပ်ခဲ့သော သေမင်းတမန်ရထားလမ်းနှင့် ပတ်သက်သည့် မှတ်တမ်းဓာတ်ပုံများ၊ စစ်သုံ့ပန်းတို့၏ ပုံသဏ္ဌာန်များကို ပန်းချီ၊ ပန်းပုနှင့် ၃ီ ဒီဇိုင်းပုံစံများ ကြည့်ရှုနိုင်မည်ဖြစ်ပြီး အမှတ်တရလက်ဆောင် ပစ္စည်းအရောင်းဆိုင်များ၊ ရေကူးကန်များ၊ ဟိုတယ်များနှင့် အပန်းဖြေကစားကွင်း များပါဝင်၍ လာရောက်လေ့လာသူများ အပန်းဖြေနိုင်မည့် ခရီးစဉ်ဖြစ်ကြောင်း စီမံကိန်းရုံးမှ သိရသည်။

#Themyawadydaily

No comments:

Post a Comment