Pages

Wednesday, October 11, 2017

ရွာငံမြို့နယ်ရှိ တောကျယ်ရေတံခွန်၏ လှပမှုကြောင့် ခရီးသွားဧည့်သည်များ လာရောက်မှုများပြားလာ



ရွာငံ ၁၁-၁၀-၂၀၁၇

ရှမ်းပြည်နယ် (တောင်ပိုင်း) ရွာငံမြို့နယ်တွင် တောကျယ်ရေပြာအိုင်နှင့် တောကျယ်ရေတံခွန်ဟူ၍ရှိရာ ရေတံခွန်၏ လှပသာယာမှုကြောင့် ခရီးသွားဧည့်သည်များ တစ်စတစ်စလာရောက်မှု များပြားလာကြောင်း ဒေသခံတစ်ဦး၏ပြောပြချက်အရ သိရသည်။

တောကျယ်ရေပြာအိုင်နှင့် ရေတံခွန်သည် ဟံမြင့်မိုရ်-ရွာငံအောင်ပန်း လမ်းမပေါ်တွင် တည်ရှိပြီး ရွာငံမြို့နှင့် ၁၄ မိုင်ခန့်ဝေးကွာသည့် လမ်းမကြီးပေါ်မှ ကျောက်ချောလမ်းအတိုင်း တစ်မိုင်ကျော် ထပ်မံဝင်ရောက်ရပြီးလျှင် ထူးခြားသော သဘာဝရေအိုင်နှင့် လှပသောသဘာဝ ရေတံခွန်သို့ ရောက်ရှိနိုင်သည်။

ရေပြာအိုင်နှင့် ရေတံခွန်တို့သည် သဘာဝတောတွင်း၌ တည်ရှိနေသကဲ့သို့ အနီးဝန်းကျင်ရှိ သစ်ပင်၊သစ်တောများကိုလည်း တွေ့မြင်နိုင်သည်။ ရေပြာအိုင်သို့ သွားရာလမ်းကို ကျောက်ခင်း၊ ကွန်ကရစ်ခင်း၊ အုတ်စီလှေကား များဖြင့် ပြုပြင်မွမ်းမံ ဆောင်ရွက်ထားရှိ သော်လည်း ရေတံခွန်မှာ သဘာဝအတိုင်းဖြစ်နေလျက် မြေသားလမ်း၊ သစ်မြစ်သစ်ဆုံများ၊ ရေချောင်း အသီးသီးတို့ပေါ်မှ ဖြတ်သန်းသွား လာနေရသည်။

သို့သော် ရေတံခွန်သည် ပေ ၅ဝ အမြင့်ကျော်မှ သဘာဝကျောက်တောင် ကျောက်တုံးကြီးများကို ဖြတ်ကျော်ဖြာကျ စီးဆင်းလာခြင်း၊ ရေတံခွန်၏ ရေကျနေသော နေရာများကျယ်ဝန်းခြင်း၊ ရေတံခွန်နှင့် အတူရေဆော့ ကစားနိုင်ရန် ရေပြင်ကျယ်များ ရှိနေခြင်း၊သစ်တောသစ်ပင်များနှင့် အရိပ်အာဝါသ ကောင်းမွန်အေးမြခြင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာခြင်း တို့ကြောင့် လာရောက်လည်ပတ်သူ တစ်ရက်လျှင် ဦးရေ ၂ဝဝခန့် လာရောက်မှုရှိကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment