Pages

Monday, September 25, 2017

ခရီးသွားရာသီ ကာလအတွက် MNA လေကြောင်းလိုင်း အနေဖြင့် မန္တလေးမြို့မှခရီးစဉ်များကို အခေါက်ရေတိုးချဲ့ ပျံသန်းပြေးဆွဲပေးနေ



မန္တလေး ၂၅-၉-၂၀၁၇

ခရီးသွားရာသီကာလ ရောက်ရှိလာတော့မည်ဖြစ်သည့် အတွက်မြန်မာအမျိုးသား လေကြောင်းလိုင်း အနေဖြင့် မန္တလေးမြို့မှ ခရီးစဉ်များကို အခေါက်ရေတိုးချဲ့ပျံသန်း ပြေးဆွဲပေးနေကြောင်း မြန်မာအမျိုးသားလေကြောင်း(မန္တလေးဌာနခွဲ) မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

အရှေ့တောင်အာရှနှင့်ဥရောပ နိုင်ငံများမှ ရုံးပိတ်ရက်ဖြစ်သည့် လာမည့်အောက်တိုဘာလတွင် မြန်မာနိုင်ငံအတွင်းသို့ ပြည်ပနိုင်ငံများမှ ခရီးသွားဧည့်သည်များ အနေဖြင့် ရှေးဟောင်းဘုရားစေတီပုထိုးများရှိသည့် မြို့ကြီးများသို့သွားရောက်လည်ပတ် မည့်အပြင် ခရီးသွားရာသီ ကာလဖြစ်သည့် အောက်တိုဘာလ ရောက်ရှိလာတော့မည် ဖြစ်သည့်အတွက် မန္တလေးမြို့မှ အခြားမြို့ကြီးများသို့ လေကြောင်းမှတစ်ဆင့် ခရီးသွားလာမည့် ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များ အဆင်ပြေစွာသွားလာနိုင်ရန် အတွက် ယခုလက်ရှိအချိန်မှစ၍ ခရီးစဉ်များကို အခေါက်ရေတိုးချဲ့ကာ ပျံသန်းပြေးဆွဲပေး လျက်ရှိကြောင်း သိရသည်။

ခရီးသွားရာသီ မရောက်မီ သြဂုတ်လအတွင်းက မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အခြားမြို့ကြီးများဖြစ်သည့် ရန်ကုန်မြို့သို့ နေ့စဉ်တစ်ရက်လျှင် သုံးခေါက်၊ ဟုမ္မလင်းမြို့သို့ တစ်ပတ်လျှင် နှစ်ရက်၊ ခန္တီးမြို့သို့ တစ်ပတ်လျှင် နှစ်ရက်နှင့် ပူတာအိုမြို့သို့တစ်ပတ်လျှင် သုံးရက်၊ ကလေးမြို့ သို့တစ်ပတ်လျှင် လေးရက်၊ မြစ်ကြီးနားမြို့သို့ တစ်ပတ်လျှင် ငါးရက်၊ တာချီလိတ်နှင့် လားရှိုးမြို့သို့ တစ်ပတ်လျှင် တစ်ရက်ပုံမှန်ပြေးဆွဲ ပေးနေသော်လည်း ခရီးသွားရာသီကာလ ရောက်ရှိလာတော့မည် ဖြစ်သည့်အတွက် ယခုလက်ရှိ စက်တင်ဘာလမှစ၍ ပုံမှန်ပြေးဆွဲပေးနေသည့် ခရီးစဉ် အချို့ကိုအခေါက်ရေ တိုးကာ ပျံသန်းပြေးဆွဲပေးလျက် ရှိကြောင်း သိရသည်။

ထိုသို့ မန္တလေးမြို့မှ ခရီးစဉ်အခေါက်ရေ တိုးချဲ့ပြေးဆွဲပေးနေ သည့်မြို့ကြီးများမှာ မြစ်ကြီးနားမြို့သို့ တစ်ပတ်လျှင် ခြောက်ရက်ယခင်က ထက်တစ်ရက်တိုးကာ အခေါက်ရေခြောက်ခေါက်ထိ တိုးချဲ့ ပြေးဆွဲနေသည့်အပြင် တာချီလိတ်နှင့် လားရှိုးမြို့သို့ တစ်ပတ်လျှင်နှစ်ရက် ယခင်ကထက် တစ်ရက်တိုးကာ အခေါက်ရေနှစ်ခေါက်စီ တိုးချဲ့ပြေးဆွဲပေး လျက်ရှိကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment