Pages

Monday, September 11, 2017

(၁၆) ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊အက၊ အတီး၊အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့်ပိတ်ပွဲ အခမ်းအနား ကျင်းပ



ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်အဖွဲ့ဝင်များ ဆုရရှိသောအဖွဲ့များ၏သီဆိုကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးစဉ်။

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တံခွန်စိုက်ဒိုင်းဆုရရှိသည့် အမှတ် (၂) တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်အား ဆုပေးအပ်ချီးမြှင့်စဉ်။

နေပြည်တော် ၁၁-၉-၂၀၁၇

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၏ (၁၆) ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊အက၊ အတီး၊အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့်ပိတ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း (ရွာတော်) ရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ အခမ်းအနားသို့ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး မှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ပြိုင်ပွဲမှဗဟိုအဆင့် အကဲဖြတ်ဒိုင်လူကြီးများ၊ အကြံပေးပညာရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ပြိုင်ပွဲဝင်စစ်သည်၊ စစ်သမီးများတက်ရောက် ကြသည်။

ဦးစွာဆုချီးမြှင့်ပွဲကို ကျင်းပပြုလုပ်ရာ မြန်မာ့ရိုးရာယဉ်ကျေးမှု ယိမ်းအကပြိုင်ပွဲတွင် ပထမဆုရရှိသည့် အဖွဲ့အားဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်ကလည်းကောင်း၊ တိုင်းရင်းသား ယိမ်းအကပြိုင်ပွဲတွင် ပထမဆုရရှိသည့် အဖွဲ့အား ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦးက လည်းကောင်း၊ အငြိမ့် (အဖွဲ့လိုက်) ပြိုင်ပွဲတွင် ပထမဆုရရှိသည့် အဖွဲ့အား ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က လည်းကောင်းဆုများ အသီးသီးပေးအပ် ချီးမြှင့်ကြသည်။

ဆက်လက်ပြီး ပြဇာတ် (အဖွဲ့လိုက်) ပြိုင်ပွဲတွင် ပထမဆုရရှိသည့်အဖွဲ့အား ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပထမဆုကို ပေးအပ်ချီးမြှင့်သည်။ ထို့နောက် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၏ (၁၆) ကြိမ်မြောက်တပ်ဖွဲ့တွင်း အဆို၊အက၊အတီး၊ အငြိမ့်၊ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်း ဆုရရှိသည့် အမှတ် (၂) တပ်မတော် ရုပ်မြင်သံကြား ထုတ်လွှင့်ရေး တပ်အားဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းကတံခွန်စိုက်ဒိုင်းဆုအား ပေးအပ်ချီးမြှင့်သည်။

ဆုချီးမြှင့်ပွဲအပြီးတွင် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် အဖွဲ့ဝင်များသည် ဆုရရှိသော အဖွဲ့များ၏ သီဆိုကပြ ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြပြီး ဆုချီးမြှင့်ပွဲ ပထမပိုင်းကို ရုပ်သိမ်းလိုက်သည်။ ယင်းနောက် ဆုချီးမြှင့်ပွဲ ဒုတိယပိုင်းကို ဆက်လက်ပြုလုပ်ရာ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ်အေးလွင်၊ ပြိုင်ပွဲမှ ဗဟိုအဆင့်အကဲဖြတ် ဒိုင်လူကြီးများ၊ အကြံပေးပညာရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ပြိုင်ပွဲဝင်စစ်သည်၊ စစ်သမီးများ တက်ရာက်ကြသည်။

ဦးစွာဆုရရှိသည့် အဖွဲ့များအား ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ငွေသားဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြပြီး အကဲဖြတ်ပညာရှင်များ ကိုယ်စားအကြံပေး ပညာရှင်ဦးတင်ထွန်းဦးက ပြိုင်ပွဲအပေါ် အကြံပြုသုံးသပ် ဆွေးနွေးတင်ပြပြီး ဒုတိယညွှန်ကြားရေးမှူးက အကဲဖြတ်ပညာရှင်များအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ကာ အခမ်းအနားအား ရုပ်သိမ်းလိုက်သည်။

ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးချုပ်ရုံး၏ အဆို၊အက၊ အတီး၊အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲကို တပ်ဖွဲ့ဝင်များ၏ အနုသုခုမပညာ အရည်အသွေးကို ပိုမိုတိုးတက်မြင့်မား လာစေရေးရည်ရွယ်ချက်ဖြင့် ၂ဝဝဝ ပြည့်နှစ်မှစ၍ နှစ်စဉ်ကျင်းပြုလုပ် လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment