Pages

Wednesday, September 27, 2017

အင်းလေးဖောင်တော်ဦး ဘုရားပွဲတော်ကာလအတွင်း နိုင်ငံခြားခရီးသွား ဧည့်သည်အဝင်နည်းလာ



ညောင်ရွှေ ၂၇-၉-၂၀၁၇

ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ ဖောင်တော်ဦး ဘုရားပွဲတော်ကို နှစ်စဉ်စက်တင်ဘာလ မှစ၍ ကျင်းပလေ့ရှိရာ နိုင်ငံခြားခရီးသွား ဧည့်သည်အများအပြား လာရောက် လေ့ရှိသော်လည်းယခုနှစ် ပွဲတော်ကာလအတွင်း ခရီးသွားဧည့်သည် ဝင်ရောက်မှု သိသိသာသာလျော့နည်း သွားကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင် များအသင်း (တောင်ကြီးဇုန်) ဥက္ကဋ္ဌ ဦးဇော်ဌေးအောင်ထံမှ သိရသည်။

''ဒီနှစ်ခရီးသွားရာသီမှာ ကျွန်တော်တို့ ကုမ္ပဏီနဲ့ လာရောက်ချိတ်ဆက်တဲ့ နိုင်ငံခြားခရီးသွား ဧည့်သည် သုံးလေးဦး လောက်ပဲရှိတယ်။ အရင်နှစ်နဲ့ယှဉ်ရင် ထက်ဝက်မက ကျဆင်းလာတယ်'' ဟု ဦးဇော်ဌေးအောင်
ကပြောသည်။

နှစ်စဉ် အောက်တိုဘာလမှစ၍ ပြည်တွင်းသို့ နိုင်ငံခြားခရီးသွား ဧည့်သည်ဝင်ရောက်မှု များပြားပြီး ဝင်ငွေများသည့် အချိန်ဖြစ် သော်လည်း၊ ယခုနှစ် ပွင့်လင်းရာသီအစတွင် ခရီးသွားဧည့်သည် ဝင်ရောက်မှု နည်းပါးနေ
ပြီး ဝင်ငွေလျော့နည်း လာသည့်အတွက် ခရီးသွားကုမ္ပဏီများ အနေဖြင့် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။

စက်တင်ဘာ ၂၁ ရက်မှ အောက်တိုဘာ ၈ ရက်အထိကျင်းပလျက်ရှိသည့် အင်းလေးဖောင်တော်ဦး ဘုရားပွဲတော်ကာလအတွင်း အင်းလေးနှင့် ညောင်ရွှေရှိ တချို့ဟိုတယ်များအနေဖြင့် တည်းခိုစရိတ်ကို ၁ဝ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ ဈေးနှုန်းလျှော့ချပေးထားကြောင်း သိရသည်။

ညောင်ရွှေမြို့နယ်ရှိ ဟိုတယ်အခန်းခများမှာ ပုံမှန်ငွေကျပ် သုံးသောင်းရှစ်ထောင် ရှိသော်လည်း ပွဲတော်ရက်အတွင်း ငွေကျပ်သုံးသောင်းဝန်းကျင်နှင့် အခန်းအလိုက် ဈေးနှုန်းလျှော့ချပေးခြင်း ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment