Pages

Wednesday, September 13, 2017

မောင်တောဒေသ အခြေခံအဆောက်အဦများ ပြန်လည်ပြုပြင် တည်ဆောက်ရေးနှင့် နေရပ်စွန့်ခွာ တိမ်းရှောင်သူများ ပြန်လည်နေရာချထားပေးနိုင်ရေး မြေပြင်ကွင်းဆင်းကြည့်ရှု


နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဒုတိယဗိုလ်ချုပ်ြကီး ရဲအောင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်တစ်လျှောက်ခြံစည်းရိုး၊ ခြံစည်းရိုးပတ်လမ်းအခြေအနေနှင့် ချဉ်းကပ်လမ်းတို့ကို ကြည့်ရှုစစ်ဆေးစဉ်။

စစ်တွေ ၁၃-၉-၂၀၁၇

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည် ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် မောင်တောဒေသ ပြန်လည်ပြုပြင် တည်ဆောက်ရေးနှင့် နေရပ်စွန့်ခွာတိမ်းရှောင်သူများ ပြန်လည်နေရာချ ထားပေးနိုင်ရေး မြေပြင်ကွင်းဆင်းကြည့်ရှုနိုင်ရန် စစ်တွေမြို့မှ ဘူးသီးတောင်မြို့သို့ တပ်မတော်ရဟတ်ယာဉ်ဖြင့် သွားရောက်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့အား မောင်တောမြို့၌ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇောနှင့် တာဝန်ရှိသူများက ကြိုဆိုကြပြီး ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသောလမ်း၊ တံတားများနှင့် နယ်စပ်ပတ်လမ်း အခြေအနေများကို မြေပုံနှင့်တကွ ရှင်းလင်းပြသသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော နှင့်အတူ ဘူးသီးတောင်-ငါးကျည်တောက်-ကထီးလှ-ပြင်ခေါင် လမ်းပိုင်းပေါ်ရှိ ပြုပြင်မွမ်းမံ ပေးရမည့် လမ်းပိုင်းနှင့် ပြုပြင်ဆောက်လုပ်ပေးရမည့် တံတားများ၏အခြေအနေကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး ငါးကျည်တောက် ကျေးရွာတွင် အစ္စလာမ်ဘာသာ ဝင်များအား နယ်မြေ တည်ငြိမ်ရေးအတွက် ငြိမ်းချမ်းစွာ နေထိုင်ရေး တွေ့ဆုံဆွေးနွေး မှာကြားသည်။

ထို့နောက် ဘူးသီးတောင်မြို့နယ် ငါးရံ့ချောင်းကျေးရွာအုပ်စု တောင်ဘဇာ အထက်တန်းကျောင်း၌ ခေတ္တနေရပ် စွန့်ခွာတိမ်းရှောင်ရာမှ ပြန်လည်ရောက်ရှိလာသော ဒေသခံပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြားပြီး စားနပ်ရိက္ခာများကူညီ ထောက်ပံ့ပေးသည်။

ညနေပိုင်းတွင် မောင်တောဒေသမြောက်ပိုင်း တောင်ပြိုဝဲမြို့သို့ရောက်ရှိကာ နတလကျေးရွာများတွင် နေထိုင်သော တိုင်းရင်းသားများအား တွေ့ဆုံအားပေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးသည်။

ယင်းနောက် တောင်ပြိုဝဲမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ခေတ္တခိုလှုံ ရောက်ရှိနေသော ဒေသခံများအား နယ်မြေတည်ငြိမ် အေးချမ်းလာပြီဖြစ်၍ မိမိနေရပ်၊ မိမိနေအိမ်များသို့ မိသားစုအလိုက် စည်းစည်းလုံးလုံး ပြန်လည်သွားရောက် နေထိုင်နိုင်ရေး နှစ်သိမ့်အားပေးစကားပြောကြားကာ စားနပ်ရိက္ခာများကူညီ ထောက်ပံ့ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ပြိုဝဲမြို့ နယ်မြေအတွင်းရှိ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ် တစ်လျှောက် ခြံစည်းရိုး၊ ခြံစည်းရိုးပတ်လမ်းအခြေအနေနှင့် ချဉ်းကပ်လမ်းတို့ကို အသေးစိတ်လိုက်လံ ကြည့်ရှုကြကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment