Pages

Tuesday, September 5, 2017

မောင်တောဒေသ အကြမ်းဖက်မှုဖြစ်စဉ်မှန်များကို နိုင်ငံတကာသို့ အလျင်အမြန် အသိပေးနိုင်ရေးဆိုင်ရာကိစ္စရပ်များဆွေးနွေး


ဒုတိယသမ္မတ ဦးမြင့်ဆွေ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဌာန အာရှရေးရာအထူးကိုယ်စားလှယ် H.E. Mr.Sun Guoxiang အားလက်ခံတွေ့ဆုံစဉ်။

နေပြည်တော် ၅-၉-၂၀၁၇

ဒုတိယသမ္မတ ဦးမြင့်ဆွေသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူး ကိုယ်စားလှယ် H.E. Mr. Sun Guoxiang ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသ အကြမ်းဖက်မှုဖြစ်စဉ်များ၊ မောင်တောဒေသတည်ငြိမ်အေးချမ်းရေး နှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များ၊ မောင်တောဒေသအကြမ်းဖက်မှုဖြစ်စဉ်မှန်များကို နိုင်ငံတကာသို့ အလျင်အမြန်အသိ ပေးနိုင်ရေးဆိုင်ရာကိစ္စရပ်များနှင့် မြန်မာတရုတ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူ များတက်ရောက်ကြကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment