Pages

Friday, September 29, 2017

နေရပ်စွန့်ခွာ ပြောင်းရွှေ့နေထိုင် လျက်ရှိသည့် တိုင်းရင်းသား ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆက်လက်ဆောင်ရွက်


တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့က နေရပ်စွန့်ခွာပြောင်းရွှေ့နေထိုင်လျက်ရှိသည့် တိုင်းရင်းသားပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးစဉ်။

နေပြည်တော် ၂၉-၉-၂၀၁၇

ရခိုင်ပြည်နယ်အတွင်း ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှု လုပ်ရပ်များကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံတိုင်းရင်းသား ပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ယနေ့တွင် တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့များက ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက် ပေးသည်။

ထိုသို့ဆောင်ရွက် ပေးရာတွင် မောင်တောမြို့နယ်၊ ခမောင်းဆိပ်ကျေးရွာရှိ ဒေသခံတိုင်းရင်းသား ပြည်သူ ၁၄ ဦး၊ ရွှေဇားကျေးရွာရှိ ဒေသခံတိုင်းရင်းသားပြည်သူ ၇၈ ဦး၊ သင်္ဘောလှကျေးရွာရှိ ဒေသခံတိုင်းရင်းသား ပြည်သူရှစ်ဦး၊ ဘူးသီးတောင်မြို့နယ်၊ တောင်ဘဇာကျေးရွာရှိ ဒေသခံတိုင်းရင်းသားပြည်သူ ၂၅ ဦးနှင့် မြောက်ဦးမြို့နယ်၊ ဝင်းဇားကျေးရွာရှိ ဒေသခံတိုင်းရင်းသား ပြည်သူ ၆၉ ဦးတို့ကို အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် ကျေးရွာစာသင်ကျောင်းတို့၌ အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ၊ အရေပြားရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အစာအိမ်ရောဂါ၊ သွေးတိုးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့်ဆေးဝါး ကုသပေးမှုများနှင့် ရောဂါရှာဖွေစမ်းသပ် ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment