Pages

Friday, September 29, 2017

ရန်ကုန်မြို့တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ကုန်သွယ်မှု ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ရေးဆိုင်ရာ သဘောတူစာချုပ် လက်မှတ်ရေးထိုး


စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး H.E. Mr. Maksim Oreshkin တို့ သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးစဉ်။

နေပြည်တော် ၂၉-၉-၂၀၁၇

ဒုတိယအကြိမ် ရုရှား-မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက် ရေးကော်မရှင် အစည်းအဝေးကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ စက်တင်ဘာ ၂၇ ရက်တွင် ကျင်းပရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းဦးဆောင်၍ အစိုးရနှင့် ပုဂ္ဂလိက ကိုယ်စားလှယ်အဖွဲ့ဝင် ၁၂ ဦး တက်ရောက်ခဲ့သည်။

အဆိုပါ ကော်မရှင်အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီး H.E. Mr. Maksim Oreshkin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့သည် နှစ်နိုင်ငံအကြား ဥပဒေဆိုင်ရာမူဘောင်များ အဆင့်မြှင့်တင်ရေး၊ ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး၊ ရုရှားဖက်ဒရေးရှင်း နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား လူသားချင်းစာနာ ထောက်ထားမှုနှင့် ပညာရေးဆက်နွှယ်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးတွင် နှစ်နိုင်ငံဝန်ကြီးများသည် ရန်ကုန်မြို့တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ကုန်သွယ်မှုကိုယ်စားလှယ် ရုံးဖွင့်လှစ်ရေးဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။အဆိုပါ အစည်းအဝေးကိုနှစ်နိုင်ငံအကြားပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်နှင့် ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရန်ရည်ရွယ်၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် အလှည့်ကျကျင်းပခြင်း ဖြစ်ကြောင်းသိရပြီး ပထမအကြိမ် အစည်းအဝေးကို နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ၂ဝ၁၄ ခုနှစ်၊ သြဂုတ် ၂၉ ရက်က ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

#Yadanarpondaily

No comments:

Post a Comment