Pages

Tuesday, August 1, 2017

သက်တမ်းကုန်၍ လုပ်ငန်းရပ်နားထားသော မြေစာပုံလျှောကျရာမှ အနီးတွင်ရပ်နားထားသော စက်ယန္တရားများဖုံးမိပြီး ယာဉ်မောင်းတစ်ဦးဒဏ်ရာရ



ဖားကန့် ၁-၈-၂၀၁၇

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ငိုးပင်းကျေးရွာအနီး သက်တမ်းကုန်၍ လုပ်ငန်းရပ်နားထားသော ခွန်ပအိုဝ့်ကုမ္ပဏီ လုပ်ကွက်အတွင်း မြေစာပုံလျှောကျရာမှ စက်န္တရားများ မြေစာဖုံးမိ၍ ဘက်ဟိုးယာဉ်မောင်း တစ်ဦးဒဏ်ရာရရှိသဖြင့် ဆေးဝါးကုသ ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

ဖားကန့်မြို့နယ် လုံးခင်း ကျေးရွာအုပ်စု ငိုးပင်းကျေးရွာ မြစ်ဆုံဧရာ ကုမ္ပဏီလုပ်ကွက်တွင် ဘက်ဟိုးယာဉ် ၁၃စီး၊ အမဲဆီထိုးယာဉ် တစ်စီးတို့ လုပ်ငန်းဆောင်ရွက်ပြီး နေ့လယ်ထမင်းစား ရပ်နားနေစဉ် အနီးကပ်လျက်မှ ရပ်နား ထားသည့် သက်တမ်းကုန်ဆုံး ထားသောခွန်ပ အိုဝ့်ကုမ္ပဏီ၏ အမြင့်ပေ ၄ဝ၊ အလျားပေ ၂ဝဝ၊ အနံပေ ၄ဝခန့် ရှိသော မြေစာပုံဟောင်းမှ မြေစာများ လျှောကျမှုကြောင့် ၎င်းမြေစာပုံ အောက်ဘက်တွင် ခေတ္တရပ်နား နေသော မြစ်ဆုံဧရာကုမ္ပဏီမှ ဘက်ဟိုး ယာဉ်လေးစီးနှင့် အမဲဆီထိုးယာဉ် တစ်စီးပေါ် မြေစာများ ပြိုကျခဲ့ရာ ဘက်ဟိုးယာဉ်မောင်း ငါးဦးနှင့် အမဲဆီထိုးယာဉ်မောင်း တစ်ဦးမှာ ထွက်ပြေးလွတ်မြောက် ခဲ့သော်လည်း ဘက်ဟိုးယာဉ်မောင်း စိုးနိုင်လင်း (ဘ) ဦးကံမြင့် မြစ်ဆုံဧရာ ကုမ္ပဏီနေသူမှာ ဝဲဘက်ပခုံး ပွန်းပဲ့ဒဏ်ရာ၊ ဝဲဘက်ခြေထောက် နှင့် ယာခြေထောက် ပွန်းပဲ့ဒဏ်ရာ (မစိုးရိမ်ရ) တို့ရရှိခဲ့သဖြင့် လုံးခင်း တိုက်နယ်ဆေးရုံသို့ ပို့ဆောင် ဆေးကုသ ခဲ့ရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် မြေစာများ ဖုံးအုပ်မိခဲ့သော ယာဉ်ယန္တရားများကို ပြန်လည် ဆယ်ယူတူး ဖော်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက် လျက်ရှိပြီး လုပ်ငန်းဆောင်ရွက်စဉ် ဘေးအန္တရာယ်ကင်းရှင်းစွာ လုပ်ဆောင် နိုင်ရေးအတွက် တာဝန်ရှိ သူများက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment