Pages

Thursday, August 3, 2017

လက်ရှိအစိုးရ၏ လုပ်ရပ်ကိုကန့်ကွက်ကြောင်း အမျိုးသားရေးလှုပ်ရှားသူများ သပိတ်စခန်း ဖွင့်လှစ်၍ သပိတ်မှောက်




မန္တလေး ၃-၈-၂၀၁၇

လက်ရှိအစိုးရ၏ လုပ်ရပ်ကို ကန့်ကွက်ကြောင်း အမျိုးသားရေး လှုပ်ရှားသူများ သပိတ်စခန်းဖွင့် လှစ်၍ သပိတ်မှောက်မှုပြုလုပ်ခဲ့ ကြကြောင်းအဆိုပါ အမျိုးသားရေး ဦးဆောင်လှုပ်ရှားသူ များထံမှ သိရသည်။

ယနေ့ ညနေ ၄ နာရီခန့်တွင် မန္တလေး ချမ်းမြသာစည်မြို့နယ် ဘုရားကြီး အနောက်ဘက်မုခ် သာသနာ ၂၅ဝဝ ဗိမာန်တော်ကြီး အတွင်းတွင် အမျိုးသားရေးလှုပ်ရှားသူများမှ ဦးဆောင်အင်အား ၇ဝ ခန့်သည် လက်ရှိအစိုးရအဖွဲ့၏ဘာသာသာသနာ အပေါ်ဖိနှိပ်ခြင်း၊ အခြားလူမျိုးရေး၊ စီးပွားရေးများတွင် တစ်ခုမျှဆောင်ရွက်ပေးနိုင် ခြင်းမရှိသည့်အပေါ် ဆန့်ကျင်သည့်အနေဖြင့် သပိတ်စခန်းဖွင့်လှစ်ကာ သပိတ်မှောက်ခဲ့ကြခြင်း ဖြစ်ကြောင်း အဆိုပါ သပိတ်စခန်းတွင် ပါဝင်ခဲ့သည့် တောင်လေးလုံး ဆရာတော်က မြွက်ကြားသည်။

''ခိုးဝင်ဘင်္ဂါလီအရေးမှာလဲ ပြည်တွင်းက ပညာရှင်တွေကို ပစ်ပယ်ပြီးတော့ ပြည်ပကပညာရှင် တွေကိုဦးစားပေးတဲ့ အတိုင်းအတာ လဲပါပါတယ်။ ဦးဇင်းတို့တောင်းဆို တာတွေ မရမချင်းသပိတ်စခန်း ကရုပ်သိမ်းမှာ မဟုတ်ပါဘူး။ ဒီနေ့ညမှာလဲ အနယ်နယ်အရပ်ရပ်က လာရောက် ပူးပေါင်းဖို့ရှိပါတယ်၊ အခုအင်အားကတော့ နည်းနေပါ သေးတယ်''ဟု တောင်လေးလုံး ဆရာတော်က ဆက်လက်မြွက်ကြားသည်။

ထိုကဲ့သို့ သပိတ်စခန်း ဖွင့်လှစ်ခြင်း နှင့်ပတ်သက်၍ ချမ်းမြသာစည်မြို့နယ် သံဃမဟာနာယက ဆရာတော်ကြီးမှ မပြုလုပ်ကြရန် မေတ္တာရပ်ခံမှု ပြုလုပ်ခဲ့ကြောင်းနှင့် မြို့နယ်အုပ်ချုပ်ရေး တာဝန်ရှိသူများ မှလည်း ဥပဒေကြောင်းအရ ငြိစွန်းမှုရှိနေသဖြင့် ပြုလုပ်ခြင်းမပြုရန် မေတ္တာရပ်ခံမှုများ ပြုလုပ်ခဲ့သေးကြောင်း ချမ်းမြသာစည်မြို့နယ် ရဲတပ်ဖွဲ့မှူးထံမှ သိရသည်။

''မြို့နယ်သံဃ မဟာနာယက ဥက္ကဋ္ဌဆရာတော်ကြီးက မေတ္တာရပ်ခံပါတယ်။ အဲဒီမှာဟိုဘက်ကလဲ သူတို့သပိတ်အဖွဲ့ထဲက ဦးဆောင် ဆရာတော်ကြီးတွေကို လျှောက်ပါ မယ်ဆိုပြီး ပဲပြောသွားတယ်။ နောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးက ငြိမ်းစုစီဥပဒေ ပုဒ်မတွေနဲ့ ငြိနေပါတယ်လို့ ပြောတော့လဲသူတို့က ဆန္ဒပြတာ မဟုတ်တဲ့အတွက် ငြိမ်းစုစီနဲ့ မငြိပါဘူးလို့ ပြောသွားတယ်။ သူတို့ကတော့ ဆက်လက်လုပ်ဆောင်မယ့် သဘောပါပဲ။ ကျွန်တော်တို့အနေနဲ့ ကတော့ လက်ရှိအချိန်ထိ လုံခြုံရေးအရပဲ လုပ်ဆောင်နေပါတယ်။ ဘာဆက်လုပ်ရမယ် ဆိုတာကတော့ အထက်က ညွှန်ကြားမှပဲသိရမှာပါ'' ဟု ၎င်းက ဆက်လက် ပြောပြသည်။

အဆိုပါ သပိတ်စခန်းရှေ့တွင် တိုင်းပြည်အကျိုးစီးပွားကို ဆုတ်ယုတ်ပျက်စီးအောင် ဆောင်ရွက်နေသည့် အစိုးရအားဆန့်ကျင်သည့် သပိတ်စခန်းဟူ၍ ရေးသားထားကာ သာသနာ ၂၅ဝဝ ဗိမာန်ဝင်းအတွင်းတွင် သပိတ်စခန်း ကိုဖွင့်လှစ်ထားကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment