Pages

Tuesday, August 1, 2017

လောက်ကိုင်ဒေသတွင် တာဝန်ထမ်းဆောင်နေသော အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဌာနဆိုင်ရာဝန်ထမ်းများကို တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများက အပိုဆောင်းအင်အားဖြည့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်


တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများ ကိုယ်စား လောက်ကိုင်တပ်နယ်မှ တာဝန်ရှိသူတစ်ဦးက လောက်ကိုင်ဒေသတွင် တာဝန် ထမ်းဆောင်နေသော ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် အပိုဆောင်း အင်အားဖြည့် စားသောက်ကုန် ပစ္စည်းများပေးအပ်စဉ်။

အပိုဆောင်းအင်အားဖြည့် စားသောက်ကုန်ပစ္စည်းများကို တွေ့ရစဉ်။

နေပြည်တော် ၁-၈-၂၀၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း) လောက်ကိုင်ဒေသတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် နယ်စပ်ဒေသ လုံခြုံရေးတာဝန် ထမ်းဆောင်နေကြသော အရာရှိ၊စစ်သည်၊ မိသားစုများနှင့် နိုင်ငံ့တာဝန် ထမ်းဆောင်လျက်ရှိသော ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများက အပိုဆောင်း အင်အားဖြည့် စားသောက် ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ညနေပိုင်းတွင် လောက်ကိုင်မြို့ရှိ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးရုံးနှင့် လောက်ကိုင်တပ်နယ် ခန်းမတွင် ပြုလုပ်ရာ လောက်ကိုင်တပ်နယ်မှ တပ်မတော်အရာရှိ ကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အဆိုပါ အပိုဆောင်း အင်အားဖြည့် စားသောက်ကုန် ပစ္စည်းများ ထောက်ပံ့ ပေးအပ်ပွဲတွင် လောက်ကိုင်ဒေသ၌ တာဝန်ထမ်းဆောင် နေကြသော အရာရှိ၊စစ်သည်၊ မိသားစုများနှင့် ဌာနဆိုင်ရာဝန်ထမ်း စုစုပေါင်း တစ်သောင်း ကျော်တို့ အတွက် အမဲသား ပိဿာ ၂၁ဝဝ၊ ဝက်သားပိဿာ ၂၄၆ဝ၊ ငါးခြောက် ၃၃၇၅ပိဿာနှင့် အာလူး ၆၁၃၇ ပိဿာ စုစုပေါင်းငွေကျပ် ၅၄၃ သိန်းကျော်တန်ဖိုးရှိ စားသောက်ကုန် ပစ္စည်းများကို တပ်မတော် (ကြည်း၊ ရေ၊လေ) မိသားစုများကိုယ်စား လောက်ကိုင်တပ်နယ်မှ တာဝန်ရှိသူတစ်ဦးက ပေးအပ်ခဲ့ရာ လောက်ကိုင်ခရိုင် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူကြပြီး လောက်ကိုင်ခရိုင် အုပ်ချုပ်ရေးမှူးက ဌာနဆိုင်ရာဝန်ထမ်းများ ကိုယ်စား ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment