Pages

Friday, August 11, 2017

ပုစွန်မွေးမြူရေး နည်းစနစ်များ ပြောင်းလဲရန် လုပ်ငန်းရှင်များအား အသိပညာပေး



ရန်ကုန် ၁၁-၈-၂၀၁၇

ပုစွန်မွေးမြူရေး လုပ်ငန်းများတွင် ရာသီဥတု မတူညီမှုများကြောင့် အထွက်နှုန်းများ ကျဆင်းနေသည့်အတွက် ရာသီအလိုက် မွေးမြူနည်းစနစ်များ ပြောင်းလဲရန် လုပ်ငန်းရှင်များအား အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း မြန်မာနိုင်ငံ ပုစွန်လုပ်ငန်းရှင်အသင်း တွဲဖက်အတွင်းရေးမှူး (၂) ဦးစိုးမြင့်ထံမှ သိရသည်။

ပြည်တွင်း၌ ၂ဝ၁၅ ခုနှစ်မှစ၍ ရေကြီးရေလျှံမှုများ နှစ်စဉ်ဖြစ်ပွားသည့် အတွက် မွေးမြူရေးလုပ်ငန်းများ ထိခိုက်ဆုံးရှုံးနေရကာ ဧရာဝတီ မြစ်ဝကျွန်းပေါ်ကဲ့သို့ ရေနက်ကွင်းများ၌ မွေးမြူရေး လုပ်ငန်း မလုပ်ကိုင်နိုင်သည့် အနေအထားအထိ ရောက်ရှိလာနိုင်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။

ပြည်တွင်း၌ မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် ရာသီဥတု ဖောက်ပြန်မှုများကြောင့် ရောဂါဝင်ရောက်မှုနှင့် အထွက်နှုန်းကျဆင်းမှု စသည့်အခက်အခဲများ ရှိနေပြီး ရာသီဥတုဒဏ် ခံနိုင်သည့် မွေးမြူရေးနည်း စနစ်များ ဖော်ဆောင်ရန် လိုအပ်ကြောင်း သိရသည်။

ရေကြီးမှုအပြင် အပူလွန်ကဲလာမှု၊ လာနီညာ၊ အယ်လ်နီညိုရာသီဥတု ဖြစ်စဉ်များမှ လွန်မြောက်နိုင်မည့် မွေးမြူရေး နည်းစနစ်များကို တိုးတက်သည့် နိုင်ငံများ၌ ဆောင်ရွက်နေပြီး မြန်မာနိုင်ငံ၌လည်း ဆောင်ရွက်နိုင်ရေး အစိုးရ၊ လုပ်ငန်းရှင်များနှင့် အရပ်ဘက် အဖွဲ့အစည်းများ ပူးပေါင်းအဖြေရှာရန် လိုအပ်ကြောင်း ဦးဝင်းကြိုင်က ပြောသည်။

#Themyawadydaily

No comments:

Post a Comment