Pages

Wednesday, August 9, 2017

ရသေ့တောင်မြို့နယ် အတွင်းရှိ ဒေသခံရခိုင် တိုင်းရင်းသားများ လတ်တလော အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်၊ တပ်မတော်စစ်ကြောင်းများနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ လုံခြုံရေး ဆောင်ရွက်ပေး


တပ်မတော်သားများက နေရပ်သို့ ပြန်လည် ရွှေ့ပြောင်းလာသည့် ဒေသခံပြည်သူများအား ကူညီရွှေ့ပြောင်းပေးစဉ်။

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး အော်ကျော်ဇောနှင့် တာဝန်ရှိသူများက နေရပ်မှ ခေတ္တရွှေ့ပြောင်းလာသည့် ဒေသခံတိုင်းရင်းသားများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားစဉ်။


နေပြည်တော် ၉-၈-၂၀၁၇

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အတွင်းရှိ ချွတ်ပြင်၊ ပိတောက်မြိုင်၊ ပြင်ရှည်နှင့် ပေါက်ပင်ရင်းကျေးရွာများမှ ဒေသခံရခိုင်တိုင်းရင်းသားများသည် သြဂုတ် ၃ ရက်တွင် ဖြစ်ပွားခဲ့သည့် မောင်တောမြို့နယ်၊ ကိုင်းကြီး(မြို)ကျေးရွာမှ ဒေသခံမြိုတိုင်းရင်းသားများ အကြမ်းဖက် သတ်ဖြတ်ခံရမှုဖြစ်စဉ်နှင့် သြဂုတ် ၄ ရက် မနက် ၇ နာရီခွဲခန့်တွင် ရသေ့တောင်မြို့နယ်၊ အောက်နန်းရာဘင်္ဂါလီကျေးရွာအတွင်း မသင်္ကာဖွယ်တရားခံများ ဖမ်းဆီးသည့် ရဲတပ်ဖွဲ့ဝင်များအား ဘင်္ဂါလီများမှ တုတ်၊ ဓား၊ လေးခွ၊ ဂျင်ကလိများဖြင့် တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်အပါအ၀င် လတ်တလော အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် လုံခြုံရေးအရစိုးရိမ်မှုဖြင့် ၎င်းတို့၏ နေရပ်ကိုစွန့်ခွာ၍ သြဂုတ် ၅ ရက်တွင် အိမ်ထောင်စု ၁၃၄ စု၊ လူဦးရေ ၆၂၂ ဦးတို့သည် ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာနှင့် ဂွဆုံ ကျေးရွာတို့သို့ ခေတ္တရွှေ့ပြောင်းနေထိုင်ခဲ့ကြသည်။

ယင်းသို့ရွှေ့ပြောင်းနေထိုင်မှုသတင်းအရ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇောသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် တပ်မတော်အရာရှိကြီး များ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ တာဝန် ရှိသူများလိုက်ပါ၍ သြဂုတ် ၇ ရက်တွင် စေတီပြင်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းနှင့် ကျေးရွာမူလတန်းကျောင်း တို့၌ ရွှေ့ပြောင်းဒေသခံတိုင်းရင်းသားများအား သွားရောက်တွေ့ဆုံရာ ကျေးရွာများရှိ အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိ ရပ်ဖများက ရွှေ့ပြောင်းရခြင်း အကြောင်းအရာများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇောက နေရပ်စွန့်ခွာမှုကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာမည့် နစ်နာဆုံးရှုံးရမည့် အခြေအနေများ၊ တပ်မတော်စစ်ကြောင်းများနှင့် နယ်မြေခံနယ်ခြားစောင့် ရဲတပ်ဖွဲ့တို့မှ လုံခြုံရေး သီးခြားဆောင်ရွက်ပေးမည့် အခြေအနေများ အပါအ၀င် ခေတ္တတိမ်းရှောင်မိသားစုများ၏ တင်ပြချက်များအား ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။ ၎င်းနောက် ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇောနှင့် အဖွဲ့ဝင်များသည် ကျေးရွာဘုန်းတော်ကြီးကျောင်း ဆရာတော် ဘဒ္ဒန္တ အာစာရရံသီ အား ဖူးမြော် ကြည်ညိုကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးမှုကြောင့် ခေတ္တတိမ်းရှောင်လာသည့် ချွတ်ပြင်၊ ပိတောက်မြိုင်၊ ပြင်ရှည်နှင့် ပေါက်ပင်ရင်းကျေးရွာများမှ တိုင်းရင်းသားပြည်သူများအနက် သြဂုတ် ၇ ရက်တွင် အိမ်ထောင်စု ၇၂ စု၊ လူဦးရေ ၂၀၃ ဦးနှင့် ယနေ့ သြဂုတ် ၈ ရက်တွင် ကျန်ရှိနေသည့် အိမ်ထောင်စု ၆၂ စု၊ လူဦးရေ ၄၁၉ ဦးတို့သည် ၎င်းတို့၏ မူလကျေးရွာများသို့ ပြန်လည်ရွှေ့ပြောင်းနေထိုင်ခဲ့ကြကြောင်း သိရှိရသည်။

မိသားစုများ ပြန်လည်ပြောင်းရွှေ့ရာတွင် လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များက ပစ္စည်းပစ္စယများ ကူညီရွှေ့ပြောင်းပေး ခြင်း၊ မူလကျေးရွာများ၌ လုံခြုံရေးဆောင်ရွက် ပေးခြင်း များလုပ်ဆောင်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment