Pages

Friday, August 4, 2017

အစွန်းရောက် အကြမ်းဖက်သမားများ တိုက်ခိုက်မှုကြောင့် ကိုင်းကြီး (မြို) ကျေးရွာသား ခြောက်ဦးသေဆုံးပြီး နှစ်ဦးပျောက်ဆုံးလျက်ရှိ


မောင်တောမြို့နယ် ကိုင်းကြီး (မြို) ကျေးရွာသား ခြောက်ဦးသေဆုံး၊ နှစ်ဦးပျောက်ဆုံးသည့် နေရာပြမြေပုံ။

နေပြည်တော် ၄-၈-၂၀၁၇

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကိုင်းကြီး (မြို) ရွာ အနောက်ဘက်၌ ယနေ့နံနက်ပိုင်းတွင် သေနတ်သံများ ကြားသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်း ဆောင်ရွက်ခဲ့ရာ ကိုင်းကြီးကျေးရွာသား ခြောက်ဦး၏ အလောင်းများကို တွေ့ရှိခဲ့ရပြီး နှစ်ဦးပျောက်ဆုံး လျက်ရှိသည့်အတွက် ဒေသခံများကိုတိုက်ခိုက်ခဲ့သည့် အစွန်းရောက် အကြမ်းဖက်သမားများကို ပိတ်ဆို့ရှာဖွေ လိုက်လံရှင်းလင်း လျက်ရှိကြောင်း သိရသည်။

အဆိုပါကျေးရွာ၌ ယနေ့နံနက် ၁ဝနာရီခန့်က သေနတ်သံများ ကြားရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် ရှင်းလင်းခဲ့ရာ ယင်းကျေးရွာနေ မောင်ကုန်ဝိုင်း (၂၅) နှစ်၊ မောင်လင်းကြတ် (၂၉) နှစ်တို့နှစ်ဦးကို မှောက်လျက် အနေအထားဖြင့် သေဆုံး လျက်ရှိသည်ကို စတင်တွေ့ရှိခဲ့ကြောင်း။ ဆက်လက်၍ မောင်ကိုင်းမွှေး (၂၅) နှစ်သည် ဦးခေါင်းနောက်စေ့နှင့် ခန္ဓာကိုယ် အနှံ့ပြတ်ရှ ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို ထပ်မံ တွေ့ရှိရကြောင်း။လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ဆက်လက် နယ်မြေရှင်းလင်းရာ မဆိန်ရာ(၃၈) နှစ်တွင် ပြတ်ရှဒဏ်ရာများဖြင့် လည်းကောင်း၊ မရီ (၂၇) နှစ်တွင် ပြတ်ရှဒဏ်ရာများနှင့် သေနတ်ရှပ်မှန် ဒဏ်ရာများဖြင့် လည်းကောင်း၊ မထီး ကော် (၂၅) နှစ်တွင် သေနတ်ဒဏ်ရာ များဖြင့် လည်းကောင်း သေဆုံးလျက်ရှိသည်ကို တွေ့ရှိခဲ့ရပြီး အခြားရွာသား နှစ်ဦးမှာလည်း ပျောက်ဆုံးလျက်ရှိသည်ကို စစ်ဆေးတွေ့ ရှိရကြောင်း သိရသည်။

လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ပျောက်ဆုံးလျက်ရှိသည့် မြိုတိုင်းရင်းသား နှစ်ဦးကို ဆက်လက်ရှာဖွေ လျက်ရှိကြောင်းနှင့် အပြစ်မဲ့မြို တိုင်းရင်းသားများကို အကြောင်း မဲ့သတ်ဖြတ်သွားသည့် အစွန်းရောက် အကြမ်းဖက် သမားများကို ပိတ်ဆို့ရှာဖွေခြင်း၊ လိုက်လံရှင်းလင်းခြင်းများ ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#Yadanarpondaily

No comments:

Post a Comment