Pages

Friday, August 4, 2017

(၂၉) ကြိမ်မြောက် ဆီးဂိမ်းအောင်နိုင်ရေး ပြင်ဦးလွင်-ရန်ကုန် အသွားအပြန် မိုင်တစ်ထောင်ကျော် တစ်ကိုယ်တော်လမ်းလျှောက်သူ မန္တလေးမြို့သို့ ရောက်ရ



မန္တလေး ၄-၈-၂၀၁၇

(၂၉) ကြိမ်မြောက် ဆီးဂိမ်း အောင်နိုင်ရေး၊ မြန်မာနိုင်ငံ စိမ်းလန်း စိုပြည်ရေးနှင့် မြန်မာနိုင်ငံ လူငယ်များ မူးယစ်ဆေးဝါး သုံးစွဲသူ ပပျောက်ရေးကို ရည်ရွယ်၍ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ပြင်ဦးလွင်-ရန်ကုန် အသွားအပြန် မိုင်တစ်ထောင်ကျော် တစ်ကိုယ်တော် လမ်းလျှောက်သူ ဦးကျော်ကျော်ဝင်း (ခ) ဦးနေမင်း (ခ) ဗိုလ်စနေသည် ယနေ့ နံနက် ၈ နာရီမိနစ် ၃ဝ က မန္တလေးမြို့သို့ ရောက်ရှိလာကြောင်း သိရသည်။

ဇွန်လ ၁၂ ရက်မှစတင်ကာ တစ်ကိုယ်တော် လမ်းလျှောက်မှုကို စတင်ခဲ့သော ဦးကျော်ကျော်ဝင်းသည် သတ်မှတ်ခရီးစဉ် အတိုင်းဆက်လက် လျှောက်သွားမည် ဖြစ်ပြီး ၎င်းသည် မန္တလေးမြို့ ဘုရားကြီးရပ်ကွက် သားဖြစ်ကာ ပြင်ဦးလွင်မြို့ အနီးစခန်း ရပ်ကွက်ကြီး (၁၅) ဖောင်းတောစံပြ ကျေးရွာတွင် နေထိုင်ပြီး (ယခင်က) မန္တလေး စည်ပင်သာယာရုံး ကိုယ်စားပြုပြိုင်ဘီး အားကစားသမားဖြစ်ကာ ယခုအခါ ဆိုင်ကယ်ရှိုးပွဲနှင့် ဆိုင်ကယ်တီထွင်မှု ပြိုင်ပွဲများ ဝင်ခဲ့သူတစ်ဦး ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment