Pages

Wednesday, August 2, 2017

မုံရွာငုံးမွေးမြူရေး အထူးဇုန်အတွင်း မီးလောင်မှု ဖြစ်ပွားငွေကျပ် ၃၂ သိန်းကျော်ဆုံးရှုံး



မုံရွာ ၂-၈-၂၀၁၇

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် ရှားပြားကျေးရွာအနီးရှိ ငုံးမွေးမြူရေး အထူးဇုန်အတွင်းရှိ ခြံအမှတ် (၄၇) တွင် ယနေ့ ညနေ ၄ နာရီ ၃၅မိနစ်က အစာကြိတ်စက်မော်တာ အပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုသည် ယနေ့ ညနေ ၄ နာရီ ၃၅မိနစ်တွင် စတင်လောင်ကျွမ်းခဲ့ရာ မုံရွာခရိုင် မီးသတ်တပ်ဖွဲ့ ဦးစီးမှူး ဦးစီးသော သန္ဓေအရန်မီးသတ် တပ်ဖွဲ့ဝင်ဦးရေ ၁ဝဝတို့က မီးသတ်ကား ၁ဝစီးဖြင့် လည်းကောင်း နယ်မြေခံတပ်မတော် သားများ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် ညနေ ၅ နာရီ ၅ မိနစ်တွင် မီးလောင်မှုကို ထိန်းနိုင်ခဲ့ပြီး ၅နာရီ ၁ဝမိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

''အစာကြိတ်စက် မော်တာက သုံးစွဲချိန်ကြာတာကြောင့် အပူလွန်ပြီးမီးလောင်မှု ဖြစ်တာပါ။ အချိန်မီ ထိန်းနိုင်တဲ့အတွက် တစ်ခြံလုံးတော့ မလောင်ပါဘူး။ တာဝန်ရှိသူတွေ ဝိုင်းဝန်းငြှိမ်းသတ်နိုင်တဲ့ အတွက် မီးကိုအချိန်မီထိန်းလိုက် နိုင်ပါတယ်။ တခြားခြံတွေကို ကူးစက်လောင်ကျွမ်းတာ မရှိပါဘူး''ဟု ခရိုင်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိ သူတစ်ဦးက ပြောပြသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် မုံရွာငုံးမွေးမြူရေး အထူးဇုန်အတွင်းရှိ ခြံအမှတ် (၄၇) တွင် ငုံးအကောင်ရေ ၁၂ဝခန့်သေဆုံးခဲ့ပြီး ခြံ၊ ငုံးဖောက်စက်၊ အစာကြိတ်စက် ပျက်စီးဆုံးရှုံးမှု ငွေကျပ် ၃၂ သိန်းခန့်ရှိခဲ့ကြောင်းနှင့် ဥပဒေအရ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း၊ မုံရွာငုံးမွေးမြူရေး အထူးဇုန်ရှိ ငုံးခြံ ၄၃ခြံတွင် မွေးမြူရေး လုပ်ငန်းရှင် ၃၉ဦးက ငုံးကောင်ရေ ၂၅ဝဝဝဝကျော် မွေးမြူထားကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment