Pages

Friday, July 21, 2017

ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်၌ Y-8 လေယာဉ်ဖြစ်စဉ်၏ ကျန်ရစ်သူ အမွေခံများအား အလှူရှင်များက ပေးအပ်လှူဒါန်းသည့် လှူဒါန်းငွေများ လွှဲပြောင်းပေးအပ်


ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်လင်းအောင် စေတနာရှင်အလှူရှင်များ၏ လှူဒါန်းငွေများကို ကျန်ရစ်သူမိသားစုများအား လွှဲပြောင်းပေးအပ်စဉ်။

ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်လင်းအောင် အခမ်းအနားတက်ရောက်လာကြသည့် ကျန်ရစ်သူမိသားစုများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေး စကားပြောကြားစဉ်။

နေပြည်တော် ၂၁-၇-၂၀၁၇

ဇွန် ၇ ရက် မွန်းလွဲပိုင်းတွင် ပျက်ကျသွားသော တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်တွင် ပါဝင်သွားခဲ့သည့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် လေယာဉ် အမှုထမ်းများအတွက် စေတနာရှင် အလှူရှင်များက ပေးအပ် လှူဒါန်းခဲ့သည့် လှူဒါန်းငွေများအား သက်ဆိုင်ရာကျန်ရစ်သူ မိသားစုဝင်အမွေခံများနှင့် လေယာဉ်ဆယ်ယူရာတွင် အသက်ဆုံးရှုံး ခဲ့ရသည့် အဏ္ဏဝါမင်းရေငုပ်အဖွဲ့မှ ရေငုပ်သမား ဦးစောနောင်အပါအဝင် စုစုပေါင်း၁၇ ဦးထံသို့ ဇူလိုင် ၁၉ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်ရှိ အနော်ရထာခန်းမ၌ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးကလွှဲပြောင်း ပေးအပ်ခဲ့သည်။

အလားတူ ယနေ့နံနက် ပိုင်းတွင်လည်း သက်ဆိုင်ရာ ကျန်ရစ်သူ မိသားစုများထံသို့ အလှူငွေများ လွှဲပြောင်းပေးအပ်ပွဲကို ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းရန်အောင် ခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ်
လင်းအောင်နှင့်အဖွဲ့ဝင်များ၊ ကျန်ရစ်သူ မိသားစုဝင်အမွေခံများ တက်ရောက်ကြသည်။

ဦးစွာတိုင်းမှူးက လှူဒါန်းငွေများ လွှဲပြောင်းပေးအပ်ခြင်း နှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးက တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်တွင် ပါဝင်သွားခဲ့သည့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် လေယာဉ်အမှုထမ်းများ စုစုပေါင်း ၁ဝ၈ ဦးအတွက် တစ်ဦးလျှင်ငွေကျပ်၂ဝ၅၈၅ဝဝဝ ကျပ်ကို ကျန်ရစ်သူမိသားစုဝင် အမွေခံများထံသို့ လွှဲပြောင်းပေးအပ်ပြီး တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေး စကားများ ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment