Pages

Friday, July 28, 2017

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံ သံအမတ်ကြီး H.E.Mr. Bhim K. Udas အား လက်ခံတွေ့ဆုံစဉ်။

နေပြည်တော် ၂၈-၇-၂၀၁၇

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက် ၉ နာရီခွဲတွင် ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး H.E.Mr. Bhim K. Udas အား လက်ခံတွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် မြန်မာ-နီပေါနှစ်နိုင်ငံ မိတ်ဆွေဟောင်းများ ဖြစ်ခဲ့ကြပြီး ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊ မြန်မာနိုင်ငံမှ နီပေါနိုင်ငံသို့ ကူညီပံ့ပိုးခဲ့မှုများ၊ နိုင်ငံအကြီးအကဲများ၏ အပြန်အလှန် ချစ်ကြည်ရေးခရီးစဉ် လည်ပတ်ခဲ့မှုများနှင့် တပ်မတော်ပိုင်းဆိုင်ရာ ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်သွားရောက် နိုင်ရေးကိစ္စရပ်များ၊ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းများတွင် သက်ဆိုင်ရာ တပ်မတော်များမှ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊ ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုဆိုင်ရာ သင်တန်းကိစ္စရပ်များ၊ တပ်မတော်နှစ်ရပ်အကြား ဆေးဘက်ဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ၊ အားကစားဆိုင်ရာ နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်နိုင်သည့် အခြေအနေများ၊ အပြန်အလှန်ကုန်သွယ်မှု မြှင့်တင်ခြင်း၊ ဘုရားဖူးခရီးစဉ်လုပ်ငန်း လုပ်ဆောင်ခြင်းတို့ဖြင့် နှစ်နိုင်ငံအကြား ကူးလူးဆက်ဆံမှု ပိုမိုတိုးတက် လာနိုင်မှုအခြေအနေများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် သံအမတ်ကြီးတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ပြီး စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment