Pages

Thursday, July 27, 2017

ယခုနှစ်တွင် ပြည်ပမှမော်တော်ယာဉ် တင်သွင်းမှုနှုန်းကျဆင်း



ရန်ကုန် ၂၇-၇-၂၀၁၇

ယခုနှစ်တွင် ပြည်ပမှ မော်တော်ယာဉ် တင်သွင်းရာ၌ လိုက်နာရမည့် စည်းမျဉ်း စည်းကမ်းများ ပြောင်းလဲသတ်မှတ်လိုက် ခြင်းကြောင့် ယခင်နှစ်များထက် မော်တော်ယာဉ် တင်သွင်းမှုနှုန်း ကျဆင်းသွားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

လက်ရှိတွင် မော်တော်ယာဉ် တင်သွင်းရာ၌ Free ပါမစ်ဖြင့် တင်သွင်းခြင်းထက် ယာဉ်အိုယာဉ်ဟောင်း လဲလှယ်သော ပါမစ်ဖြင့်သာ အဓိကတင်သွင်း လျက်ရှိသည်။ တင်သွင်းမှု လျော့ကျသွားသော မော်တော်ယာဉ်များမှာ အင်ဂျင်ပါဝါ ၁၃ဝဝ စီစီရှိယာဉ်များဖြစ်ပြီး ပြည်ပမှတင်သွင်းမှုနှုန်း ကျဆင်းသော အကြောင်းရင်းမှာလည်း ယင်းမော်တော်ယာဉ် များဝယ်လိုအား ကျဆင်းခြင်းကြောင့် ဖြစ်သည်။

''တခြားအကြောင်းရင်း တစ်ခုကလည်း ကားတွေတင်သွင်း တဲ့အခါ ပေးဆောင်ရတဲ့ အခွန်နှုန်းထား တိုးမြှင့်လိုက်တာကြောင့် ဖြစ်ပါတယ်'' ဟု ရန်ကုန်မြို့ လှိုင် မော်တော်ယာဉ် ရောင်းဝယ်ရေး စခန်းမှ ဝါရင့်ကားဝယ်ရောင်း လုပ်ကိုင်သူ ကိုကျော်ကျော်က ပြောသည်။

ပြောင်းလဲသတ်မှတ် လိုက်သော စည်းမျဉ်းစည်းကမ်း များအရ ယခုနှစ် ဇန်နဝါရီ ၁ ရက်မှစပြီး မော်တော်ယာဉ်များ တင်သွင်းရာတွင် အိမ်စီးယာဉ်၊ ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များကို ၂ဝ၁၅ မော်ဒယ်မှ ၂ဝ၁၇မော်ဒယ် အမျိုးအစားများ တင်သွင်းမည်ဆိုပါက ဘယ်မောင်း တစ်မျိုးတည်းကိုသာ တင်သွင်းခွင့်ပြု ထားကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment