Pages

Tuesday, July 4, 2017

ယဉ်ကျေးမှုဇုန် ဝင်ကြေးတိုးမြှင့်ပါက ဟိုတယ်လုပ်ငန်းများ အတွက်ပါ အခက်အခဲ ဖြစ်ပေါ်လာနိုင်



မန္တလေး ၄-၇-၂၀၁၇

မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ယဉ်ကျေးမှုဇုန်များ၌ နိုင်ငံခြားခရီးသွား ဧည့်သည်များအား ဝင်ကြေးတိုးမြှင့် ကောက်ခံပါက ခရီးသည်ဝင်ရောက်မှုနှုန်း ကျဆင်းကာ ဟိုတယ်လုပ်ငန်းများ အတွက်လည်း ထိခိုက်လာနိုင်သည်ဟု ဒေသခံ ဟိုတယ်လုပ်ငန်း အသိုင်းအဝိုင်းမှ သိရသည်။

ယဉ်ကျေးမှုဇုန်များ၌ နိုင်ငံခြားခရီးသွား ဧည့်သည်တစ်ဦးလျှင် ဝင်ကြေးငွေကျပ် သုံးသောင်းခန့် တိုးမြှင့်ကောက်ခံရန် ရှိကြောင်း ရှမ်းတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးဦးစိုင်းကျော်ဇောက ပြောသည်။

''လက်ရှိကတော့ နိုင်ငံခြားခရီးသွား ဧည့်သည်တစ်ဦးကို မန္တလေးယဉ်ကျေးမှုဇုန်မှာ ငွေကျပ်တစ်သောင်း၊ ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန်မှာ ငွေကျပ်နှစ်သောင်း ကောက်ခံနေပါတယ်။ အဲဒီနှုန်းနဲ့တောင် ၂ဝ၁၅ ခုနှစ်လောက် ကတည်းက မန္တလေးမြို့မှာ ခရီးသွားဝင်ရောက် မှုနှုန်းကိုယှဉ်ရင် ဟိုတယ်ကပိုနေလို့ လာရောက်တည်းခိုသူ နည်းပြီး အခက်အခဲတွေ ဖြစ်နေကြတာ။ ဇုန်ဝင်ကြေးတွေပိုလာရင် ဟိုတယ်လုပ်ငန်းတွေ အတွက်လည်း ထိခိုက်မှု တွေရှိလာ နိုင်ပါတယ်''ဟု မန္တလေးဟိုတယ်ဇုန် ဥက္ကဋ္ဌ ဦးမြင့်အောင်က ပြောသည်။

မန္တလေးတိုင်း ဒေသကြီးအတွင်း ၂ဝ၁၅ ခုနှစ်က ဟိုတယ်အလုံးပေါင်း ၁၇ဝ ခန့်သာရှိရာမှ ပြီးခဲ့သည့်နှစ်က ဟိုတယ်အလုံးပေါင်း ၁၈၇ လုံးခန့်ရှိခဲ့ကာ အခန်းအရေအတွက် ၁၂ဝဝ ကျော်တိုးလာပြီး ဝင်လာသည့် ဧည့်သည်ထက် ဟိုတယ် အခန်းအရေအတွက် များလာသောကြောင့် တချို့ဟိုတယ် လုပ်ငန်းများမှာ လုပ်ငန်းရပ်တန့်လုနီးပါး အခြေအနေအထိ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဟိုတယ်လုပ်ငန်းရှင်များ အနေဖြင့် ပွင့်လင်းရာသီတွင် ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှုကို အားထားလုပ်ကိုင် ရခြင်းဖြစ်ပြီး ယခင်နှစ် ခရီးသွားရာသီက အခန်းခနှုန်းထားများကို အထူးလျှော့ဈေးများ ပေးထား သော်လည်း တည်းခိုမှု နည်းပါးလာကြောင်း၊ ထို့ကြောင့် တချို့ဟိုတယ် လုပ်ငန်းရှင်များမှာ ၎င်းတို့၏ ဟိုတယ်များကို တစ်လလျှင် ငွေကျပ်သိန်း ၆ဝဝ ခန့်ဖြင့် ပြန်လည်ငှားရမ်းခြင်း အပြင်ရောင်းချခြင်း များပင်ရှိကြောင်းသိရသည်။

#Themyawadydaily

No comments:

Post a Comment