Pages

Friday, July 21, 2017

လူစီး အမြန်ရေယာဉ်များ မြစ်ကမ်းဘေး ကျေးရွာများအနီး ကျောင်းဥယျာဉ် ဖြတ်သန်းစဉ် အရှိန်လျှော့ မောင်းနှင်ရန်လိုအပ်




မုံရွာ ၂၁-၇-၂၀၁၇
နှစ်စဉ်မိုးဥတုတွင် ချင်းတွင်းအထက်ပိုင်း ဒေသများတွင် မိုးရွာသွန်းမှု များကြောင့် မြစ်ရေ မြင့်တက်လာပြီး မြစ်ကမ်းဘေး တစ်လျှောက်ရှိ မြို့များနှင့်ကျေးရွာများသို့ မြစ်ရေဝင်ရောက် လျက်ရှိရာ မုံရွာမြို့မှ ချင်းတွင်းအထက်ပိုင်းဒေသများသို့ အထက်၊ အောက်ပြေးဆွဲ လျက်ရှိသော လူစီးအမြန်ရေယာဉ် များမြို့များ၊ ကျေးရွာများအနီးမှ ဖြတ်သန်းစဉ် အရှိန်လျှော့မောင်းနှင် ကြရန်လိုကြောင်း မုံရွာမြို့ ပုဂ္ဂလိက ရေယာဉ်များစနစ်တကျ ပြေးဆွဲရေးကော်မတီမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

''မြစ်ကမ်းဘေးမှာ ရှိတဲ့ကျေးရွာတွေ အနေနဲ့က နှစ်စဉ်ကြုံတွေ့ နေတဲ့အခြေအနေပါ။ အထူးသဖြင့် လူစီးအမြန် ရေယာဉ်တွေပါ။ ချင်းတွင်းမြစ်ရေ ကြီးချိန်မှာ ရေယာဉ်တွေက ကမ်းအနီးကို ကပ်မောင်းတဲ့အခါမှာ စက်အရှိန်လျှော့ မောင်းကြဖို့၊ အရှိန်မလျှော့ချင် ဘူးဆိုရင်တော့ မြစ်လယ်ကနေ မောင်းကြဖို့၊ ကမ်းအနီးကမောင်းတဲ့အတွက် ရေလှိုင်းတွေရိုက်တဲ့ အခါ မြစ်ကမ်းပါးတွေ ပြိုကျမှုတွေ ဖြစ်နိုင်တယ်။ လူနေအိမ်တွေမှာလဲ ရေတွေဝင်တဲ့အတွက် ပျက်စီးနိုင်တဲ့ အခြေအနေပါ။ ကျေးရွာတွေ ဖြတ်သန်းမောင်းနှင် တဲ့အခါမှာစက်ရှိန်ကို လျှော့မောင်းနှင် ကြဖို့အတွက် မုံရွာမြို့ကနေ စထွက်ကတည်းက ရေယာဉ်စစ်ဆေးတဲ့ အဖွဲ့တွေက စနစ်တကျ မှာကြားနေပါတယ'်'ဟု မုံရွာမြို့ ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျပြေးဆွဲရေး ကော်မတီဥက္ကဋ္ဌက ပြောပြသည်။

မုံရွာမြို့ချင်းတွင်း ဆိပ်ကမ်းမှ လူစီးအမြန် ရေယာဉ် ၁ဝ သင်းတွင် ၁၂၉စီး၊ ကုန်တင်ရေယာဉ် ၁၈ သင်းတွင်အစီးရေ ၅၄၄ စီးဖြင့် ချင်းတွင်းမြစ် အထက်ပိုင်း ဒေသများသို့ ကုန်စည်နှင့် ခရီးသည်များကို စုန်၊ဆန်ပြေးဆွဲပေး လျက်ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment