Pages

Thursday, July 27, 2017

ယခုနှစ်အတွင်း အာလူးစိုက်တောင်သူများ ပြည်ပထက် ပြည်တွင်းဈေးကွက်ကိုသာ အဓိကထားရောင်းချနေရ



ရန်ကုန် ၂၇-၇-၂၀၁၇

ပြည်တွင်းရှိ အာလူးစိုက် တောင်သူများနှင့် လုပ်ငန်းရှင်များအနေဖြင့် ယခုနှစ်အတွင်း ပြည်ပသို့ အာလူးတင်ပို့ရာတွင် အမြတ်အစွန်း ရရှိမှုနည်းပါးသဖြင့် ဈေးကွက်ခိုင်မာပြီး အမြတ်အစွန်း ရရှိမှုများသည့် ပြည်တွင်း ဈေးကွက် ကိုသာ အဓိကထားရောင်းချ နေရကြောင်း သိရသည်။

ယခုနှစ် နှစ်ဆန်းပိုင်းတွင် ပြည်ပဈေးကွက်များ ဖြစ်သည့် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့သို့ အာလူးတင်ပို့ ရောင်းချမှု ပြုလုပ်ခဲ့သော်လည်း ယင်းနိုင်ငံများမှ အာလူးစိုက်ပျိုးမှု အားကောင်းနေခြင်းကြောင့် ခိုင်မာသော ဈေးကွက်မရရှိဘဲ အနည်းငယ်သာ တင်ပို့ခဲ့ရသည်။

ထို့ကြောင့် အာလူးစိုက် တောင်သူများက ယခုနှစ်မတ်လမှစ၍ ပြည်တွင်း ဈေးကွက်ကိုသာ အဓိကထားရောင်းချမှု ပြုလုပ်လာခြင်း ဖြစ်သည်။

မတ်လမှစပြီး လက်ရှိအချိန်ထိ ပြည်ပသို့ အာလူးတင်ပို့မှုမှာ ပြည်ပမှ မှာယူမှုရှိမှသာ တင်ပို့သော အနေထားဖြစ်သည်။ ပြည်တွင်း၌ အာလူးကို ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် အဓိကစိုက်ပျိုးပြီး မျိုးအနေဖြင့် ပွင့်ဖြူ၊ဘောလုံးသီးနှင့် နယ်သာလန်မျိုးဟူ၍ အမျိုးအစားသုံးမျိုးကို စိုက်ပျိုးကြသည်။ အာလူးဈေးနှုန်းမှာ အမျိုးအစားပေါ် မူတည်၍ အမျိုးမျိုးရှိကာ ယင်းဒေသမှ ထွက်ရှိသော အာလူးများကို တစ်နိုင်ငံလုံးသို့ ဖြန့်ဖြူး ရောင်းချကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment