Pages

▼

Wednesday, June 28, 2017

ပျက်ကျ Y-8 လေယာဉ်၏ ကိုယ်ထည်အစိတ်အပိုင်းများ ထပ်မံဆယ်ယူရရှိ



ထပ်မံဆယ်ယူရရှိသည့် ပျက်ကျ Y-8 လေယာဉ်၏ ကိုယ်ထည်အစိတ်အပိုင်းများ ကိုတွေ့ရစဉ်။

နေပြည်တော် ၂၈-၆-၂၀၁၇

ယနေ့တွင် ပျက်ကျ Y-8 လေယာဉ်၏ ကျန်ရှိ အစိတ်အပိုင်းများ ထပ်မံဆယ်ယူ ရရှိရေးအတွက် တပ်မတော် (ရေ) မှ စစ်ရေယာဉ်များ၊ ကျွမ်းကျင်ရေငုပ် စစ်သည်များ၊ ဒေသခံငါးဖမ်း စက်လှေများ ပူးပေါင်း၍ လေယာဉ်အမြီးပိုင်း တွေ့ရှိသည့် နေရာအနီး တစ်ဝိုက်၌ ပင်လယ်ပြင်အတွင်း ရာသီဥတု အနည်းငယ် ကောင်းမွန်လာသည့် အတွက်ရှာဖွေရေး လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်ခဲ့သည်။

ထို့သို့ ရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့စဉ် တပ်မတော် (ရေ) မှ ဆိုနာစနစ်ဖြင့် ရှာဖွေတွေ့ရှိသော နေရာများသို့ ဒေသခံငါးဖမ်း စက်လှေများက သွားရောက်ရှာဖွေရာ ယနေညနေပိုင်းတွင် လေယာဉ်ကိုယ်ထည် အလူမီနီယံ အစိတ်အပိုင်းများအား ထပ်မံဆယ်ယူရရှိခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment