Pages

Tuesday, June 27, 2017

Y-8 လေယာဉ်ဖြစ်စဉ်၏ ကျန်ရစ်သူမိသားစုများအတွက် အလှူငွေများပေးအပ်လှူဒါန်း


နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်ထံ အလှူရှင်များက အလှူငွေများ ပေးအပ်စဉ်။

ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်ဇနီး ဒေါ်ခင်သက်ဌေးတို့က ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းထံအလှူငွေ ပေးအပ်စဉ်။

နေပြည်တော် ၂၇-၆-၂၀၁၇

ဇွန် ၇ ရက် မွန်းလွဲပိုင်းတွင် ပျက်ကျသွားသော တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်တွင် ပါဝင်သွားခဲ့သည့် အရာရှိ၊စစ်သည်၊ မိသားစုဝင်များနှင့် လေယာဉ်အမှုထမ်းများ၏ ကျန်ရစ်သူ မိသားစုများအတွက် အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန၌ ပြုလုပ်သည်။

အလှူငွေပေးအပ်ပွဲတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်ဇနီး ဒေါ်ခင်သက်ဌေးမိသားစုက ငွေကျပ် ၁၅ သိန်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက ငွေကျပ်သိန်း ၃၀ တို့ကိုပေးအပ် လှူဒါန်း ကြရာ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားသည်။

အလားတူ Y-8 လေယာဉ်ဖြစ်စဉ်၏ ကျန်ရစ်သူမိသားစု များအတွက် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၇၂) မှ ကျောင်းဆင်းအရာရှိများက ငွေကျပ် ၁၀ သိန်းကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်တိုင်း စစ်ဌာနချုပ်၌ ပေးအပ် လှူဒါန်းရာ တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင် စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment