Pages

Saturday, June 3, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်၊ ပူးတွဲစစ်ဦးစီးဌာန၊ စစ်ဦးစီးချုပ် General Fang Fenghui တို့ အထူးတပ်ဖွဲ့လေ့ကျင့် ရေးကွင်း၌ လေ့ကျင့်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှု


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်၊ ပူးတွဲစစ်ဦးစီးဌာန၊ စစ်ဦးစီးချုပ် General Fang Fenghui တို့ အထူးတပ်ဖွဲ့သင်တန်း သားများ၏ ကိုယ်ခံပညာစွမ်းရည် ပြသနေမှုများကို ကြည့်ရှုအားပေးစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်၊ ပူးတွဲစစ်ဦးစီးဌာန၊ စစ်ဦးစီးချုပ် General Fang Fenghui နှင့် အဖွဲ့ဝင်များ အထူးတပ်ဖွဲ့သင်တန်းသားများနှင့်အတူ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်စဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်၊ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်၊ ပူးတွဲစစ်ဦးစီးဌာန၊ စစ်ဦးစီးချုပ်General Fang Fenghui တို့ အထူးတပ်ဖွဲ့သင်တန်းသားများကို ရင်းရင်းနှီးနှီးတွေ့ဆုံစဉ်။ 

အထူးတပ်ဖွဲ့သင်တန်းသားများ၏လေ့ကျင့်နေမှုများအား တွေ့ရစဉ်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်၊ ပူးတွဲစစ်ဦးစီးဌာန၊ စစ်ဦးစီးချုပ် General Fang Fenghui နှင့် အဖွဲ့ဝင်များ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် ကျောင်းအတွင်း 
လှည့်လည် ကြည့်ရှုလေ့လာစဉ်။

နေပြည်တော် ၃-၆-၂၀၁၇

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်၊ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်၊ ပူးတွဲစစ်ဦးစီးဌာန၊ စစ်ဦးစီးချုပ် General Fang Fenghui တို့သည် ညှိနှိုင်း ကွပ်ကဲ ရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ဒုတိယကြည်းတပ်ဦးစီးချုပ်၊ ဒုတိယရေတပ်ဦးစီးချုပ်၊ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှအရာရှိကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း၊ အထူးတပ်ဖွဲ့လေ့ကျင့်ရေးကွင်းသို့ သွားရောက်ကြည့်ရှုလေ့လာသည်။

ဦးစွာတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်၊ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်၊ ပူးတွဲစစ်ဦးစီးဌာန၊ စစ်ဦးစီးချုပ်တို့သည် အလေးပြုခံစင်မြင့်၌ နေရာယူပြီး အထူးတပ်ဖွဲ့သင်တန်းသားများ၏ အလေးပြုခြင်းကို ခံယူကြသည်။

ထို့နောက် ကျောင်းအုပ်ကြီးက အထူးတပ်ဖွဲ့လေ့ကျင့်ရေးကွင်း ဆိုင်ရာများအား Power Point ဖြင့်ရှင်းလင်း တင်ပြသည်။ ယင်းနောက် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်၊ ဗဟိုစစ်ကော်မရှင် အဖွဲ့ဝင်၊ ပူးတွဲစစ်ဦးစီးဌာန၊ စစ်ဦးစီးချုပ်က အထူးတပ်ဖွဲ့လေ့ကျင့်ရေးကွင်း ဧည့်သည်တော်မှတ်တမ်း စာအုပ်တွင် လက်မှတ်ရေးထိုးသည်။

ယင်းနောက် အထူးတပ်ဖွဲ့သင်တန်းသားများ၏ ကိုယ်ခံပညာစွမ်းရည်ပြသခြင်း၊ ယုံကြည်မှုကွင်း အတားအဆီးများဖြတ်ကျော်ခြင်း၊ လေထီးဆင်းပုံစံတူလေ့ကျင့်ခြင်း၊ ဓားစာခံကယ်တင်ခြင်းနှင့် စိတ်ပိုင်းဆိုင်ရာလေ့ကျင့်ရေးကွင်း၌ လေ့ကျင့်နေမှုများအား ကြည့်ရှုအားပေးကြသည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ ဗဟို စစ်ကော်မရှင်အဖွဲ့ဝင်၊ ပူးတွဲစစ်ဦးစီးဌာန၊ စစ်ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အထူးတပ်ဖွဲ့ကွင်းအတွင်းရှိ သင်တန်းသားများ၏ လေ့ကျင့်နေမှုများအား ဘာဂီယာဉ်ငယ်များဖြင့် လှည့်လည်ကြည့်ရှု လေ့လာကြပြီး လေ့ကျင်းရေးကွင်းအတွင်းရှိ ကွပ်ကဲမှုသုံးထပ်ဆောင်ရှေ့တွင် အထူးတပ်ဖွဲ့ဝင်များနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကြသည်။

ထို့နောက် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်၊ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်၊ ပူးတွဲစစ်ဦးစီးဌာန၊ စစ်ဦးစီးချုပ်က အထူးတပ်ဖွဲ့ဝင်များအား ချီးကျူးစကား ပြောကြားရာတွင် ယခုပြသသည့် လေ့ကျင့်ခန်းများသည် နိုင်ငံ တကာအဆင့်မီ ကြောင်း၊အချိန်တိုအတွင်း ယခုကဲ့သို့ အခက်အခဲ အတားအဆီးများအား ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် လေ့ကျင့်ဆောင်ရွက်နိုင်သည်ကို တွေ့ရှိရသည့် အတွက်လေးစား ဂုဏ်ယူပါကြောင်း၊ မြန်မာ့တပ်မတော်၏ အထူး တပ်ဖွဲ့ဖြစ်ခြင်းကြောင့် နိုင်ငံအတွက်အမှန်တကယ် အားထားရသည့် တပ်ဖွဲ့ဖြစ်မည်ဟု ယုံကြည်ပါကြောင်း၊ ယခုကဲ့သို့ လေ့ကျင့်ခန်း များကိုဆောင်ရွက်ခြင်းဖြင့် စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုအတွက် များစွာအထောက် အကူ ပြုကြောင်း၊ စိတ်ဓာတ်ကြံ့ခိုင်မှုကိုလည်း ရရှိစေကြောင်းနှင့် တာဝန်ထမ်းဆောင်မှု အပိုင်းတွင်လည်းများစွာ အထောက်အကူပြုစေမည် ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်၊ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်၊ ပူးတွဲစစ်ဦးစီးဌာန၊ စစ်ဦးစီးချုပ်က တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီးအား အမှတ်တရ လက်ဆောင်ပစ္စည်း ပေးအပ်သည်။

အဆိုပါ အထူးတပ်ဖွဲ့ လေ့ကျင့်ရေးကွင်းအား ၂၀၁၆ ခုနှစ်၊ ဧပြီလ ၈ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့်ရေးကွင်း အတွင်း၌ တစ်ဦးချင်းလက်နက်ငယ် စက်ပစ်ကွင်း၊ တစ်ဦးချင်းနည်းစနစ် လေ့ကျင့်ရေး ကွင်း၊ ယုံကြည်မှု လေ့ကျင့်ရေးကွင်း၊ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု လေ့ကျင့်ရေးကွင်း၊ လေထီးဆင်းပုံစံတူ လေ့ကျင့်ရေးကွင်းနှင့် မြို့ပြအကြမ်းဖက် နှိမ်နင်းရေးလေ့ကျင့်ရေး ကွင်းများပါဝင်ပြီး အကြမ်းဖက် တိုက်ခိုက်မှုများအား ကြိုတင်ကာကွယ်ရန်နှင့် ကြုံတွေ့လာပါက အောင်မြင်စွာဖြေရှင်း ဆောင်ရွက်နိုင်ရန် စွမ်းရည်ပြည့်ဝသည့် မြန်မာ့တပ်မတော်မှ တပ်မတော်သား အထူးတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များကို လေ့ကျင့်မွေးထုတ်ပေး လျက်ရှိသည်။

ထို့နောက် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်၊ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်၊ ပူးတွဲစစ်ဦးစီးဌာန၊ စစ်ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်သို့ ရောက်ရှိကြရာ ကျောင်းဧည့်ခန်းမ၌ ကျောင်း အုပ်ကြီးက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး ကျောင်းနှင့်ပတ်သက် သည်များကို Video Clip များဖြင့် ရှင်းလင်းတင်ပြသည်။ ၎င်းနောက်တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်၊ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်၊ ပူးတွဲစစ် ဦးစီးဌာန၊ စစ်ဦးစီးချုပ်က သင်တန်းသားများအား နှုတ်ခွန်းဆက်စကား ပြန်လည်ပြောကြားပြီး ဧည့်သည်တော်မှတ်တမ်း စာအုပ်တွင် လက်မှတ်ရေးထိုးသည်။

ဆက်လက်၍ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်၊ ပူးတွဲစစ်ဦးစီးဌာန၊ စစ်ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ကျောင်းအတွင်းလှည့်လည် ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment