Pages

Tuesday, June 6, 2017

ပခုက္ကူခရိုင် စက်မှုလယ်ယာဦးစီးဌာနက ရောင်းချသည့် ဒေါင်ဖန်းလက်တွန်းထွန်စက်များ ဘက်ပေါင်းစုံအသုံးဝင်သောကြောင့် တောင်သူအများအပြားဝယ်ယူအသုံးပြုနေ



ပခုက္ကူ ၆-၆-၂၀၁၇

ပခုက္ကူခရိုင် စက်မှုလယ်ယာဦးစီးဌာနက အရစ်ကျစနစ်ဖြင့် ရောင်းချပေးနေသော ဒေါင်ဖန်းလက်တွန်း ထွန်စက်များသည် တောင်သူများအတွက် ဘက်ပေါင်းစုံ အသုံးဝင်သောကြောင့် တောင်သူအများ အပြားဝယ်ယူ အသုံးပြုနေကြောင်း ပခုက္ကူခရိုင် စက်မှုလယ်ယာဦးစီးဌာနမှ သိရသည်။

ပခုက္ကူခရိုင် ပခုက္ကူ၊ ရေစကြိုနှင့် မြိုင်မြို့နယ်တို့မှ ဒေသခံတောင်သူများသည် မြင်းကောင်ရေ ၂၂ကောင်အားရှိဒေါင်ဖန်း လက်တွန်းထွန်စက်များကို လယ်ယာစိုက်ခင်းများတွင် လွယ်ကူစွာအသုံးပြုနိုင်ခြင်း၊ နှစ်ရှည်ပင်ဖြစ်သော လျှော်ဖြူနှင့် သနပ်ခါးစိုက်ခင်းများ တွင်လည်း လွတ်လပ်စွာထွန်ယက် ပေါင်းရှင်းနိုင်ခြင်း၊ ၎င်းထွန်စက်ကို အင်ဂျင်ဖြုတ်၍ မီးရရှိရေး လုပ်ငန်းများဆောင်ရွက်နိုင်ခြင်း စသောဘက်ပေါင်းစုံ အသုံးပြုနိုင်သောကြောင့်၎င်းမြို့နယ်များရှိ ဒေသခံတောင်သူများသည် ယခုနှစ်တွင် အသုံးများလာကြောင်း ပခုက္ကူခရိုင် စက်မှုလယ်ယာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

ဒေါင်ဖန်းလက်တွန်း ထွန်စက်ကို ပခုက္ကူခရိုင် စက်မှုလယ်ယာဦးစီးဌာနက နှစ်နှစ်သုံးရစ်ဆပ်စနစ်ဖြင့် ရောင်းချပေးလျက်ရှိရာ ယခုနှစ် ဧပြီလမှစ၍ မေလကုန်ထိ ၄၇စီး ရောင်းချပေးနိုင်ပြီး ယခုလနှင့် ဇူလိုင်လတို့တွင်လည်း တောင်သူလိုအပ်ချက် ပြည့်မီအောင် ဆက်လက်ရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။

ဈေးနှုန်းအနေဖြင့် ထွန်စက်နောက်တွဲ ဆက်စပ်ပစ္စည်းများဖြစ်သော ဒါးစက်၊ လင်ပန်း၊ ဆူးလုံးစသော ကိရိယာများကို ဝယ်ယူမှု အပေါ်မူတည်၍ ဒေါင်ဖန်းလက်တွန်း ထွန်စက်တစ်စီးလျှင် ပျမ်းမျှ ငွေကျပ် ၁၆သိန်းရှိကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment