Pages

Wednesday, June 7, 2017

ပြည်ပမှ ဘိလပ်မြေတင်သွင်းမှု ၆ဝ ရာခိုင်နှုန်းလျော့ကျ


ပြည်တွင်းရှိ ဘိလပ်မြေစက်ရုံတစ်ရုံကို တွေ့ရစဉ်။

ရန်ကုန် ၇-၆-၂၀၁၇

ပြည်တွင်း၌ ပြည်ပမှ ဘိလပ်မြေစက်ရုံ လုပ်ငန်းများတွင် ဖက်စပ်ရင်းနှီးမြှုပ်နှံလာရာ ယခုဘဏ္ဍာနှစ်အတွင်း လက်ရှိအချိန်ထိ ပြည်ပမှ ဘိလပ်မြေတင်သွင်းမှု ၆ဝ ရာခိုင်နှုန်းအထိ လျော့ကျလာကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

''အဓိကက ပြည်တွင်းမှာ ဘိလပ်မြေစက်ရုံ တော်တော်များများကို လာရောက်ရင်းနှီးမြှုပ်နှံ တည်ဆောက်တာတွေ ရှိလာတော့ ပြည်ပက ဘိလပ်မြေ တင်သွင်းတာတွေ တစ်နှစ်ထက်တစ်နှစ် လျော့ကျလာတယ်။ အခုဘဏ္ဍာနှစ် လက်ရှိအချိန်ထိ အရင်နှစ်က တင်သွင်းမှုထက် လျော့နည်း လာတာတွေ့ရတယ်''ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်ကပြောသည်။

၂ဝ၁၇- ၂ဝ၁၈ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ မေလနောက်ဆုံးပတ်အထိ ပြည်ပမှ ဘိလပ်မြေတင်သွင်းမှု တန်ဖိုး စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၄၂ဝ သန်းရှိပြီး ပြီးခဲ့သည့်နှစ် အလားတူကာလအထိ အမေရိကန်ဒေါ်လာ ၂၆ ဒသမ ၆၁၇ သန်းတန်ဖိုးအထိ တင်သွင်းခဲ့ကြောင်း သိရသည်။ 

ပြည်တွင်းထုတ် ဘိလပ်မြေများကို ပိုမိုသုံးစွဲလာကြခြင်းမှာ ပြည်ပမှ မှာယူတင်သွင်းသည့် ဘိလပ်မြေဈေးနှုန်းထက် လက်ရှိပြည်တွင်း၌ ထုတ်လုပ်နေသော ဘိလပ်မြေဈေးနှုန်းမှာ တစ်အိတ်လျှင် ငွေကျပ်၂ဝဝဝ ခန့်အထိ ဈေးသက် သာသည့်အပြင် အရည်အသွေးပိုင်းလည်း ကောင်းမွန်စိတ်ချ ရသောကြောင့်ဖြစ်သည်။

ပြည်တွင်း၌ ဖက်စပ်ထုတ်လုပ်နေသော ဘိလပ်မြေများသည် အမျိုးအစားအလိုက် ကြံ့ခိုင်မှုစွမ်းရည် ကွာခြားမှုရှိနေသော်လည်း ဘိလပ်မြေအိတ်များတွင် ကြံ့ခိုင်မှု နှုန်းထားများကို ဖော်ပြပေးထားကြောင်း၊ ယင်းကဲ့သို့ဖော်ပြ ပေးထားသဖြင့် ဆောက်လုပ်မည့် အဆောက်အအုံပုံစံနှင့် ကိုက်ညီမည့် နှုန်းထားများကို ရွေးချယ်ဝယ်ယူနိုင်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment