Pages

Monday, June 5, 2017

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အခြေခံပညာ ကျောင်းများအတွက် လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေး ညှိနှိုင်းဆွေးနွေး


ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အရာထမ်းများ၊ ခရိုင်ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများ၊ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံစဉ်။

ရန်ကုန် ၅-၆-၂၀၁၇

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ အရာထမ်းများ၊ ခရိုင်ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံပွဲကို ယနေ့မွန်းလွဲ ၁ နာရီ တွင် ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး၌ ကျင်းပသည်။

တွေ့ဆုံပွဲ၌ ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီး ပညာရေးမှူး၊ ခရိုင်ပညာရေးမှူးများ၊ မြို့နယ်ပညာ ရေးမှူးများ၊ ကျောင်းအုပ်များအနေဖြင့် ကျောင်းအဆင့်များ တိုးမြှင့်ပေးသော်လည်း ယခုပညာသင်နှစ်တွင် လိုအပ်သော ဆရာ၊စာသင်ခန်း၊ စာသင်ခုံ၊သင်ထောက်ကူ ပစ္စည်းများစသည်တို့ လုံလောက်စွာ မဖြည့်ဆည်းပေး နိုင်သေးသော်လည်း ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်မှစ၍ ခွင့်ပြုဘဏ္ဍာငွေဖြင့် ဖြည့်ဆည်းပေး သွားမည်ကို မိဘအုပ်ထိန်းသူ ပြည်သူများ နားလည်အောင် ရှင်းပြပေးရန် လိုအပ်ကြောင်းနှင့် မြေပြင်တွင် ကြုံတွေ့နေရသည့် အခက်အခဲများကို ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းဖြင့် အကောင်းဆုံး ဖြေရှင်းနိုင်ရန် လိုအပ်ကြောင်း။ နဝမတန်းတွင် ဘာသာရပ် ရှစ်မျိုးအနက်မှ ကျောင်းသား၏ သင်ယူလိုသည့် ဆန္ဒအရ ဝိဇ္ဇာဘာသာတွဲသင်ယူနိုင် သည်ကိုလည်း အသိပေး ဆောင်ရွက်ရန်၊ အထက်တန်းပြ ဆရာ၊ဆရာမများအား ဘာသာရပ် အရည်အသွေး မြင့်မားရေး မွမ်းမံသင်တန်းများ ပေးရာတွင် တက္ကသိုလ်မှ ဆရာ၊ဆရာမများနှင့် ပူးပေါင်းဆောင်ရွက် ရန်လိုအပ်ကြောင်း၊ လိုအပ်ချက်များကို တိုင်းဒေသကြီး အလိုက်၊မြို့နယ်များ အလိုက်စီမံကိန်း များအား ဦးစားပေး အစီအစဉ်ဖြင့် စာရင်းပြုစုတင်ပြရန် လိုအပ် ကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့်ကျောင်း၊ ကျောင်းအုပ်၊ဆရာ၊ ဆရာမများ၏ လိုအပ်ချက်များကို အဓိကပံ့ပိုးဖြည့်ဆည်း ပေးနိုင်ရန် ကြိုးပမ်းဆောင် ရွက်လျက်ရှိ ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် အခြေခံပညာဦးစီးဌာန ခေတ္တညွှန်ကြားရေး မှူးချုပ်ဒေါက်တာ အောင်နိုင်စိုးနှင့် ရန်ကုန်တိုင်း ဒေသကြီး ပညာရေးမှူးရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေ တို့က ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် ဆောင်ရွက် ထားရှိမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြ ကြသည်။

ယင်းနောက် တက်ရောက်လာကြသည့် ခရိုင်ပညာရေးမှူးများ၊ မြို့နယ်ပညာရေး မှူးများနှင့် ကျောင်းအုပ်ဆရာကြီးတို့က သက်ဆိုင်ရာမြို့နယ်များ အလိုက်အခက်အခဲ များကိုတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment