Pages

Monday, June 5, 2017

ပြည်တွင်း၌ လက်တွေ့ကျသော ဘဏ္ဍာရေး ပညာရပ်များဖွံ့ ဖြိုးတိုးတက်လာစေရန် လုပ်ဆောင်သင့်



ရန်ကုန် ၅-၆-၂၀၁၇

ပြည်တွင်းရှိ အစိုးရဌာနများ၊ လူမှုအဖွဲ့ အစည်းများနှင့် စီးပွားရေး လုပ်ငန်းများတွင် ငွေကြေးစီမံခန့်ခွဲမှု များကိုစနစ်တကျ လုပ်ဆောင်နိုင်ရန် ပြည်တွင်း၌ လက်တွေ့ကျသော ဘဏ္ဍာရေးပညာရပ်များ ဖွံ့ဖြိုးတိုးတက်လာအောင် လုပ်ဆောင်သင့်ကြောင်း စီးပွားရေးပညာရှင် တစ်ဦးကပြောသည်။

လူငယ်လူရွယ်များ အနေဖြင့်ငွေကြေး စီမံခန့်ခွဲမှုများကို စနစ်တကျဆောင်ရွက် တတ်စေရန်ဘဏ္ဍာရေး ပညာရပ်ဆိုင်ရာ သင်တန်းများ၊ ကျောင်းများသို့ တတ်ရောက်ရာတွင် အမှန်တကယ် တတ်မြောက်အောင် သင်ကြားပေး နိုင်သောသင်တန်းကျောင်း များကိုရွေးချယ် တက်ရောက်သင့်ကြောင်းနှင့် ထိုသို့ရွေးချယ် တတ်စေရန် ဘဏ္ဍာရေးနှင့် ပတ်သက်သော အခြေခံဗဟုသုတများကို သင်တန်းများမတက်မီ ကြိုတင်လေ့လာထား သင့်ကြောင်း ၎င်း ကပြောသည်။

ဘဏ္ဍာရေး ပညာရပ်သည် လက်တွေ့ကျသော ပညာရပ်တစ်ခုဖြစ်ပြီး အခန်းကဏ္ဍ များစွာပါဝင်သည့် အတွက်ယင်းပညာရပ်တွင် မိမိလေ့လာလိုသော ကဏ္ဍကိုဦးစားပေး လေ့လာကာ နှံ့စပ်ကျွမ်းကျင်မှု ရှိစေရန်ကြိုးပမ်းဆောင် ရွက်သင့်ကြောင်း သိရသည်။

ထို့ပြင်နိုင်ငံတကာက စစ်ဆေးသောဘဏ္ဍာရေး ပညာရပ်ဆိုင်ရာ စာမေးပွဲများကို ဝင်ရောက်ဖြေဆိုနိုင် စေရန်နှင့်ဘဏ္ဍာရေး စီမံခန့်ခွဲမှုအပိုင်းတွင် နိုင်ငံတကာနှင့်တန်းတူ တတ်ကျွမ်းသော လူငယ်လူရွယ်များ ဖြစ်လာစေရန် အင်္ဂလိပ်စာ ဘာသာရပ်ကိုလည်း တတ်ကျွမ်းနားလည် ရန်လိုအပ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment