Pages

Thursday, June 8, 2017

ကြူကုတ်မြို့အနီး၌ လက်ပစ်ဗုံးနှင့်မိုင်းများ သယ်ဆောင်လာသူအား ဖမ်းဆီးရမိ၊ ပုံမှန်အုပ်ချုပ်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် တပ်မတော်ယာဉ်တန်းအား အကြမ်းဖက်သောင်းကျန်းသူများက အဝေးထိန်းစနစ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်



သိမ်းဆည်းရမိ ဆိုင်ကယ်တူးဘောက်အတွင်းမှ လက်ပစ်ဗုံးသုံးလုံးနှင့် နင်းမိုင်းအသေးသုံးလုံးကိုတွေ့ရစဉ်။

မိုင်းစထိမှန်ခဲ့သည့် အုပ်ချုပ်မှုယာဉ်တန်းမှ မော်တော်ယာဉ်တစ်စီးကိုတွေ့ရစဉ်။

နေပြည်တော် ၈-၆-၂၀၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကြူကုတ်မြို့အနီး တပ်မတော်သားများ၊ ပြည်သူ့စစ်အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများပါဝင်သော လုံခြုံရေးပူးပေါင်းအဖွဲ့သည် ဇွန် ၆ ရက် ည ၁ဝ နာရီခန့်တွင် ကြူကုတ်မြို့၏ တောင်ဘက် မီတာ ၁ဝဝဝ ခန့်အကွာ၌ ယာဉ်ဝင်/ထွက်မှုများအား စစ်ဆေးဆောင်ရွက်စဉ် နမ့်တောင်းဘက်မှ အမျိုးသားနှစ်ဦးအရှိန် ပြင်းထန်စွာမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား စစ်ဆေးရန် ရပ်တန့်စေရာ ရပ်တန့်ခြင်းမရှိဘဲ စစ်ဆေးသည့် တပ်မတော်သားတစ်ဦးအား ပွတ်တိုက်၍ မြို့အတွင်းသို့ မောင်းနှင်ထွက်ပြေးသဖြင့် လက်နက်ငယ်ဖြင့် ခြောက်လှန့်ပစ်ခတ် ဖမ်းဆီးခဲ့ရသည်။

ဖြစ်စဉ်တွင် မော်တော်ဆိုင်ကယ်နောက်တွင် လိုက်ပါလာသည့် အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာဖြင့်သေဆုံးခဲ့ပြီး ကျန်အမျိုးသားတစ်ဦးမှာ မော်တော်ဆိုင်ကယ်အား နေရာတွင်ပင်ထားရှိကာ မြို့တွင်းသို့ထွက်ပြေးသွားခဲ့သည်။ အဆိုပါသေဆုံးသူထံမှ ကင်တိုဓားရှည်တစ်ချောင်း ကိုတွေ့ရှိရပြီး ဆိုင်ကယ်တူးဘောက် အတွင်းမှလက်ပစ်ဗုံး သုံးလုံးနှင့် နင်းမိုင်းအသေး သုံးလုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကာ ထွက်ပြေးသွားသည့် အမျိုးသားတစ်ဦးအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိသည်။

အလားတူ ဇွန် ၆ ရက် ည ၁၂ နာရီ မိနစ် ၄ဝ ခန့်က ကြူကုတ်မြို့၏အရှေ့ဘက်မီတာ၂၃ဝဝ ခန့်အကွာရှိ နမ့်ဟူးရွာအနီးတွင် ပုံမှန်အုပ်ချုပ်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် တပ်မတော်ယာဉ်တန်းအား အကြမ်းဖက် သောင်းကျန်းသူများက လမ်း၏ညာဘက်ပေ ၅ဝ ခန့်အကွာမှ အဝေးထိန်းစနစ် မိုင်းနှစ်လုံးဖောက်ခွဲ တိုက်ခိုက်ခဲ့သည်။ ဖြစ်စဉ်တွင် လူထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ အုပ်ချုပ်မှုယာဉ်တန်းမှ မော်တော်ယာဉ်တစ်စီး ရှေ့လေကာမှန် မိုင်းစထိမှန် ပျက်စီးခဲ့သည်။

အဆိုပါမိုင်းဖြစ်စဉ်ဖြစ်ပွားရာ နေရာတစ်ဝိုက်နှင့် အနီးပတ်ဝန်းကျင်အား တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment