Pages

Monday, June 5, 2017

ကမ်းပြိုအန္တရာယ်ကာကွယ်နိုင်ရန် မြစ်ကမ်းဘေးတွင် ကျောက်သဲစုပ်လုပ်ငန်းများ မပြုလုပ်ရန်နှင့် အလေ့ကျသစ်ပင်ကြီးများ ခုတ်လှဲမှုမပြုလုပ်ရန်လိုအပ်



နေပြည်တော် ၅-၆-၂၀၁၇

ယခုအခါတွင် ဧရာဝတီမြစ်ရေနှင့် ချင်းတွင်းမြစ်ရေသည် ဇွန်၁ရက်မှစ၍ မြင့်တက်လာသည့်အတွက် ကမ်းပြိုအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရန် မြစ်ကမ်းဘေးတွင် ကျောက်သဲစုပ်လုပ်ငန်းများ မပြုလုပ်ရန်နှင့် အလေ့ကျသစ်ပင် ကြီးများ ခုတ်လှဲမှုမပြုလုပ်ရန် လိုအပ်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီး ဌာနမှလက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်နိုင်ဦး (နေပြည်တော်) ကပြောပြ၍ သိရသည်။

ကမ်းပြိုအန္တရာယ် ကာကွယ်ထိန်းသိမ်းရာ၌ ရေကြီးချိန်ဖြစ်စေ၊ ရေနည်းချိန်ဖြစ်စေ မြစ်ကမ်းဘေးတွင် စက်ယန္တရားများဖြင့် ကျောက်သဲစုပ်လုပ်ငန်းများ ဆောင်ရွက်ခြင်း မပြုလုပ်ရန်နှင့် ယခင်နှစ်များစွာ ကတည်းကအလေ့ကျ ပေါက်ရောက်နေသည့် အရိပ်ရသစ်ပင်ကြီးများကိုလည်း ခုတ်လှဲခြင်းမပြုဘဲ ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ကြောင်း၊ မြစ်ကမ်းဘေးတွင် ကျောက်သဲစုပ်ခြင်းဖြင့် မလိုအပ်သည့်ရေကြောင်း ပြောင်းလဲမှုများ ဖြစ်ပေါ်လာပြီး ရေကြောင်း ပြောင်းလဲမှုကြောင့် ခရီးသည်နှင့် ကုန်တင်ရေယာဉ်များ ခုတ်မောင်းရာတွင် ရေယာဉ်အန္တရာယ် ကြုံတွေ့နိုင်ကြောင်း သိရသည်။

ထို့ပြင် မြစ်ကမ်းဘေးရှိ အရိပ်ရသစ်ပင်ကြီးများ ခုတ်လှဲခြင်းဖြင့်လည်း ရေကြီးချိန်တွင် ကမ်းပြိုအန္တရာယ် အချိန်မရွေး ကြုံတွေ့နိုင်ကြောင်း၊ ၎င်းအပင်ကြီးများ ရှိနေခြင်းကြောင့် မြစ်ကမ်းဘေးရှိ လူနေအိမ်များတွင် ရေချိုရရှိမှုလွယ် ကူသည့်အပြင် ကုန်းဘက်သို့ ရေအရင်းအမြစ်များ ရှင်သန်တိုးပွားလာကြောင်း ၎င်းက ဆက်လက်ပြောပြ၍ သိရသည်။

#Yadanarpondaily

No comments:

Post a Comment