Pages

Tuesday, May 2, 2017

ယခုဘဏ္ဍာနှစ်တွင် တစ်ပိုင်တစ်နိုင်လုပ်ငန်း တည်ထောင်သူများအား လုပ်ငန်းမှတ်ပုံတင် ၂၅ဝ ဆောင်ရွက်ထုတ်ပေးသွားရန်လျာထား



မန္တလေး ၂-၅-၂၀၁၇

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ တစ်ပိုင်တစ်နိုင် လုပ်ငန်းများဖြစ်သော အသေးစား စက်မှုလက်မှု လုပ်ငန်းငယ် တည်ထောင်သူများအား လုပ်ငန်းမှတ်ပုံတင် ၂၅ဝ ဆောင်ရွက် ထုတ်ပေးသွားရန် လျာထားကြောင်း မန္တလေးတိုင်း ဒေသကြီး အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်သင်းက ပြောပြ၍ သိရသည်။

တစ်ပိုင်တစ်နိုင်လုပ်ငန်း တည်ထောင်သူများသည် မန္တလေးမြို့ပေါ်ရှိ တစ်ပိုင်တစ်နိုင်လုပ်ငန်း လုပ်ကိုင်သူများ၊ နယ်များမှလည်း တစ်ပိုင်တစ်နိုင်လုပ်ငန်း လုပ်ကိုင်လိုသူများ လာရောက်လျှောက်ထား နိုင်ကြောင်း၊ ထိုသို့ လာရောက် လျှောက်ထားသူများကို မိမိတို့ လုပ်ငန်း လုပ်ကိုင်မည့်နမူနာ ပစ္စည်းများကို ဓာတ်ခွဲခန်းတွင် စမ်းသပ်ပြီး စည်းကမ်းချက်များ နှင့်ကိုက်ညီသူများကိုသာ လုပ်ငန်းမှတ်ပုံတင်များ ထုတ်ပေးမည်ဖြစ်
ကြောင်း၊ ယခုဘဏ္ဍာနှစ်တွင် တစ်ပိုင်တစ်နိုင်လုပ်ငန်း လုပ်ကိုင်လို သူများအတွက် လုပ်ငန်းမှတ်ပုံ တင် ၂၅ဝဆောင်ရွက် ထုတ်ပေးသွား ရန်လျာထားကြောင်း သိရသည်။

တစ်ပိုင်တစ်နိုင် လုပ်ငန်းများ အတွက် လုပ်ငန်း မှတ်ပုံတင်ထုတ် ပေးသော လုပ်ငန်းအမျိုးအစားများမှာ စားသောက်ရေး ဆိုင်ရာလုပ်ငန်း၊ ဝတ်ဆင်ရေးဆိုင်ရာ လုပ်ငန်း၊ နေထိုင်ရေး ဆိုင်ရာလုပ်ငန်း၊ လူသုံးကုန်
ပစ္စည်းလုပ်ငန်း၊ အိမ်သုံးပစ္စည်း လုပ်ငန်း၊ ပုံနှိပ်နှင့် စာအုပ်ထုတ် လုပ်ရေးလုပ်ငန်း၊ ကုန်ကြမ်းလုပ်ငန်း၊ ဓာတ်သတ္တုပြုပြင် ထုတ်လုပ်ရေး လုပ်ငန်း၊ စိုက်ပျိုးရေးကိရိယာ ထုတ်လုပ်ရေး လုပ်ငန်း ၊ စက်ပစ္စည်း ကိရိယာထုတ်လုပ်ရေး လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးယာဉ်များ ထုတ်လုပ်ရေးလုပ်ငန်း၊ လျှပ်စစ် ပစ္စည်းထုတ်လုပ်ရေး လုပ်ငန်း၊ အထွေထွေအသေးစား စက်မှု လက်မှုလုပ်ငန်း စသည့် လုပ်ငန်းများကို တစ်ပိုင်တစ်နိုင်လုပ်ငန်း လုပ်ကိုင်လိုသူများအတွက် လုပ်ငန်း မှတ်ပုံတင်များ ဆောင်ရွက်ထုတ် ပေးသွားရန် လျာထားကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment