Pages

Friday, May 12, 2017

သစ်တောများရှိနေခြင်းဖြင့် စမ်းချောင်းနှင့် မြေအောက်ရေများတွင် ဓာတုဓာတ်ပါဝင်မှု လျှော့ချပေးနိုင်



နေပြည်တော် ၁၂-၅-၂၀၁၇

သစ်တောများရှိနေခြင်းဖြင့် စမ်းချောင်းများ၊ မြေအောက်ရေနှင့် ရေကန်များအတွင်း ဓာတုဓာတ် ပါဝင်မှုကို လျှော့ချပေးနိုင်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန ကောက်နုတ် ချက်များအရ သိရသည်။

လူနှင့်သဘာဝ ဘေးအန္တရာယ်များမှ နှောင့်ယှက်ဖျက်ဆီး မှုကင်းသော သစ်တောများသည် သာယာလှပသော ရေမြေတောတောင် သဘာဝရှုခင်းကို မျက်စိပသာဒ ဖြစ်စေရန် ထာဝစဉ်ခင်းကျင်း ပြသထားနိုင်စွမ်း ရှိကြောင်း၊ သစ်ပင်များ ရှိခြင်းဖြင့် သစ်ပင်၏အမြစ် များသည် မြေဆီလွှာကို စုစည်းထားပြီး မြေဆီလွှာရေ တိုက်စားမှု နည်းစေကြောင်း သိရသည်။

ထို့ကြောင့် ရေအရင်းအမြစ် များတွင် အနည်ပို့ချခြင်းမှကာ ကွယ်ပေးခြင်းဖြင့် မြစ်ချောင်းများ၊ ဆည်များ၊ ပင်လယ်ကမ်းရိုးတန်း များကို တည်တံ့ခိုင်မြဲစေကြောင်း၊ သစ်တောများရှိနေခြင်းဖြင့် စမ်းချောင်းများ၊ မြေအောက်ရေ၊ ရေကန်များအတွင်း ဓာတုဓာတ်ပါဝင်မှု လျှော့ချပေးနိုင်ပြီး ငါးများနှင့် ရေနေသတ္တဝါများ ရှင်သန်နေ ထိုင်ရန် သန့်ရှင်းသော ပတ်ဝန်းကျင်ကို ရရှိစေကြောင်း၊ ငါးဖမ်း လုပ်ငန်းများအတွက် ကောင်းမွန် သောပတ်ဝန်းကျင်မှ ငါးမျိုးကောင်း မျိုးသန့်များ၊ ရောဂါပိုးမွှားနှင့် ဓာတုဓာတ် အဆိပ်သင့်ခြင်း ကင်းသောငါးမျိုးများ ထုတ်လုပ်ရောင်းချ နိုင်သည့် အကျိုးကျေးဇူးကို ရရှိစေကြောင်း သိရသည်။

သစ်ပင်များသည် ပင်ငွေ့ပြန်ခြင်း ဖြစ်စဉ်ဖြင့် ၎င်းတို့စုပ်ယူသော ရေပမာဏ၏ ၉၅ ရာခိုင်နှုန်း ခန့်ကို ရေငွေ့ အဖြစ်ပြောင်းလဲ ပေးနိုင်ကြောင်း၊ သစ်တောများသည် သဲကန္တာရ ဖြစ်ထွန်းမှု ဖြစ်စဉ်ကို တားဆီးပေးနိုင်ပြီး ရေကြီးခြင်းနှင့် မြေပြိုခြင်း တို့ကဲ့သို့သော သဘာဝ ဘေးအန္တရာယ်များမှ လည်းကာကွယ်ပေး နိုင်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီး ဌာနကောက်ချက်များအရ သိရသည်။

#Themyawadydaily

No comments:

Post a Comment