Pages

Monday, May 15, 2017

ကျိုင်းတုံမြို့ရှိ ဘုန်းတော်ကြီးကျောင်းများမှ ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်ကျောင်းတိုက်များမှ သီလရှင်များအတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက ဆွမ်းဆန်တော်၊ ဆီနှင့်အလှူငွေများ ပေးအပ်လှူဒါန်း



ကျိုင်းယင်းကျောင်းတိုက် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တခေမာစာရအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မျှူးကြီးမင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှတို့က ဆွမ်းဆန်တော်၊ ဆီနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းစဉ်။

နေပြည်တော် ၁၅-၅-၂၀၁၇

ကျိုင်းတုံမြို့ရှိ ဘုန်းတော်ကြီး ကျောင်းများမှ ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်ကျောင်းတိုက်များမှ သီလရှင်များအတွက် ဆွမ်းဆန်တော်၊ ဆီနှင့်အလှူငွေများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ကျိုင်းတုံမြို့ သာသနာ့ဗိမာန် တော်ကြီး၌ ကျင်းပပြုလုပ်ရာ ကျိုင်းယင်းကျောင်း တိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တခေမာစာရ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ တက်ရောက်ချီးမြှင့် တော်မူကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း ၊ရေ ၊လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မိမြို့ဖများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျိုင်းယင်းကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ယင်းနောက် သံဃာတော်အရှင် သူမြတ်များထံမှ ပရိတ်တရားတော်များ နာယူကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီးတို့က ကျိုင်းယင်းကျောင်းတိုက် ဆရာတော်ထံ လည်းကောင်း၊ တပ်မတော်အရာကြီးများက ဆရာတော်၊ သံဃာတော်များ ထံလည်းကောင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက လှူဒါန်းသည့် ဆွမ်းဆန်တော်၊ ဆီနှင့် အလှူငွေများအား ဆက်ကပ်လှူဒါန်းကြသည်။

၎င်းနောက် သံသရာအေး ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကောသလ္လထံမှ အနုမောဒနာ တရားနာယှူု၍ လှူဒါန်းမှုအစုစုအတွက် ရေစက် သွန်းချအမျှပေးဝေကြသည်။ ယနေ့လှူဒါန်းမှုတွင် ကျိုင်းတုံမြို့ရှိ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်း ပေါင်း ၇၄ ကျောင်းအတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက ဆွမ်းဆန်တော် ၃၁၆ အိတ်၊ ဆီ ၅၀၄ ပိဿာနှင့် အလှူငွေစုစုပေါင်း ၁၆၂ သိန်းလှူဒါန်းခဲ့ ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment