Pages

Thursday, May 11, 2017

ဒေသခံတောင်သူများ စပါးစိုက်ပျိုးချိန် မျိုးစေ့အချိန်မီ ရရှိရေးနှင့် မျိုးကောင်းမျိုးသန့်များ ရရှိရေးအတွက် မျိုးစပါးများ ကြိုတင်စုဆောင်းထား



မင်းဘူး ၁၁-၅-၂၀၁၇

မင်းဘူးခရိုင် မင်းဘူး (စကု) မြို့နယ်အတွင်း စိုက်ပျိုးရေး ဦးစီးဌာနက ဒေသခံ တောင်သူများ စပါးစိုက်ပျိုးချိန်တွင် မျိုးစေ့အချိန်မီ ရရှိရေး၊ ဈေးနှုန်းမှန်ကန်စွာ ရရှိရေးနှင့် စပါးမျိုးကောင်း၊ မျိုးသန့်များ အလွယ်တကူ ရရှိရေးအတွက် မျိုးစပါးများ ကြိုတင်စုဆောင်း ထားကြောင်း မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

''စိုက်ပျိုးရေးဦးစီးဌာန နဲ့ပေါင်းပြီး မျိုးကောင်း၊ မျိုးသန့်မျိုးစေ့ ထုတ်ဖို့အတွက် အကျိုးဆောင်တောင်သူ ကိုးယောက်ထဲမှ တောင်သူသုံးယောက် ဆီကနေ စပါးမျိုးတွေ ဝယ်ယူပြီး ဌာနမှာ သိမ်းထားပါတယ်။ ကျန်တဲ့တောင်သူ ခြောက်ယောက်ကလဲ သူတို့အစီအစဉ်နဲ့ မျိုးစပါးတွေကို သိမ်းထားပေးတယ်။ လာမယ့်မိုးစပါးရာသီမှာ စပါးစိုက်ပျိုးမယ့် တောင်သူတွေ စပါးမျိုးလိုရင် မျိုးစပါးသိမ်းထားတဲ့ တောင်သူတွေနဲ့ ဆက်သွယ်ပေးမှာပါ''ဟု စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးက ပြောပြသည်။

''ကျွန်တော့်အနေနဲ့ မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနနဲ့ အကျိုးတူပူးပေါင်း ဆောင်ရွက်နေတဲ့ တောင်သူတစ်ယောက် ဖြစ်ပါတယ်။ လာမယ့် မိုးစပါးရာသီမှာ လိုအပ်နေတဲ့ မျိုးစပါးမနောသုခ မျိုးတင်း ၁၅ဝဝ ကို စိုက်ပျိုးရေး ဦးစီးဌာနကို အပ်နှံထားပြီး ဖြစ်ပါတယ်''ဟု စကုမြို့ အမှတ် (၃) ရပ်ကွက်မှ အကျိုးဆောင် တောင်သူတစ်ဦးက ပြောပြ၍ သိရသည်။

#Themyawadydaily

No comments:

Post a Comment