Pages

Wednesday, May 31, 2017

မုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက်ခတ်၍ ပျက်စီးမှုများဖြစ်ပေါ် ခဲ့သည့်နေရာများ၌ ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်


တပ်မတော်သားများက လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များလဲကျနေခြင်းကို ဖယ်ရှားရှင်းလင်းပေးစဉ်။

လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများကိုတွေ့ရစဉ်။

တပ်မတော်သားများက လေပြင်းတိုက်ခတ်မှုကြောင့် လဲကျခဲ့သည့်သစ်ပင်များကို ဖယ်ရှားရှင်းလင်းစဉ်။

လေပြင်းတိုက်ခတ်မှုကြောင့် အဆောက်အအုံများ အမိုးလန်ပျက်စီးနေမှုကို တွေ့ရစဉ်။


နေပြည်တော် ၃၁-၅-၂၀၁၇

ဆိုင်ကလုန်းမုန်တိုင်း မိုရာ၏အရှိန်ကြောင့် ယနေ့နံနက်အစောပိုင်းမှ စတင်၍ ရခိုင်ပြည်နယ်အတွင်း လေပြင်းများ တိုက်ခတ်ခဲ့သဖြင့် စစ်တွေ၊ တောင်ကုတ်၊ ပုဏ္ဏားကျွန်း၊ ကျောက်ဖြူ၊ သံတွဲ၊ မြောက်ဦး၊ မာန်အောင်နှင့် ရသေ့တောင်မြို့နယ် များအတွင်း၌ သစ်ပင်များလဲကျခြင်း၊ ဓာတ်တိုင်များကျိုးကျ၍ မီးကြိုးများ ပြတ်တောက်ခြင်း၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာအုပ်ချုပ်မှုနှင့် လူနေအဆောက်အအုံများ၊ ဘုန်းကြီးကျောင်းများ၊ ဆေးပေးခန်းများ ၏အမိုးများလန်ကျကာ ပျက်စီးဆုံးရှုံးခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။

ထိုသို့လေပြင်း တိုက်ခတ်၍ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် စစ်တွေမြို့ရှိ ပြည်သူ့ဆေးရုံကြီး၊ မြောက်ဦးမြို့၊ အလယ်ဈေးရပ်ကွက်၊ နန်းတော်ရာကုန်းနှင့် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းများသို့ အနောက်ပိုင်း တိုင်းစစ် ဌာနချုပ်မှ တပ်မတော်သားများက သွားရောက်၍ လဲကျပြိုကျကာ လမ်းပိတ်ဆို့နေသည့် သစ်ပင်သစ်ကိုင်းများအား ဖယ်ရှားရှင်းလင်းခြင်း၊ လျှပ်စစ်မီးကြိုးများအား ရှင်းလင်းခြင်း၊ ရေဝပ်၍ ရေအိုင်နေသည့် နေရာများအား ရေများ ဖောက်ထုတ်ခြင်းစသည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

#Themyawdaydaily

No comments:

Post a Comment