Pages

Monday, May 8, 2017

ချပ်သင်းဘေးမဲ့တောရှိ ရှားပါးရွှေသမင်မျိုးစိတ်များနှင့် အပင်မျိုးစိတ်များကို ရာသီမရွေးလာရောက် လည်ပတ်ကြည့်ရှုနိုင်



ကန့်ဘလူ ၈-၅-၂၀၁၇

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်နှင့် ကသာခရိုင် ကောလင်းမြို့နယ် အတွင်းရှိ ချပ်သင်းဘေးမဲ့ တောအတွင်းမှ ရှားပါးရွှေသမင်မျိုးစိတ် များနှင့် အပင်မျိုးစိတ်များ ကိုရာသီမရွေး လာရောက်လည်ပတ် ကြည့်ရှု နိုင်ကြောင်း ချပ်သင်း ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

ချပ်သင်း ဘေးမဲ့တောသည် မကွေးတိုင်း ဒေသကြီး မင်းဘူးမြို့နယ်အတွင်းရှိ ရွှေစက်တော် ဘေးမဲ့တောနှင့် ချပ်သင်းဘေးမဲ့တော အတွင်းသာ ကျက်စားလျက်ရှိသော ရှားပါးစာရင်းဝင် ရွှေသမင်များအပြင် သစ်တောများ၊ အင်းဆက်များ၊ အခြားမျိုးစိတ်များကို လေ့လာလိုသူများ အတွက် အဆင်ပြေသည့် နေရာတစ်ခုဖြစ်ကြောင်း သိရသည်။

ချပ်သင်းဘေးမဲ့တောသည် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်အတွင်း စုစုပေါင်း ၆၄၂၆၄ဒသမ၄၂ ဧက အကျယ်အဝန်းရှိပြီး ချပ်သင်းကျေးရွာမှ နှစ်မိုင်ခန့်ဝင်ရောက် ခြင်းဖြင့်ရောက် ရှိနိုင်သည်။အဆိုပါ ဘေးမဲ့တောအတွင်း အင်တိုင်းတော အင်တိုင်းတောမြင့်၊ ရေလွှမ်းအင်တိုင်းတော၊ မြက်ခင်းတော၊ ရွက်ပြတ်ရောနှောတော၊ ဖုန်းဆိုးတောရှိပြီး သစ်ပင်မျိုးစိတ်၊ ချုံပင်မျိုးစိတ်၊ နွယ်ပင်မျိုးစိတ်၊ ပင်ပျော့မျိုးစိတ်၊ မြက်မျိုးစိတ်၊ ပရဆေး မျိုးစိတ်ပေါင်း ၃၄၉စိတ်ရှိကာ နို့တိုက်သတ္တ၀ါ ၊ငှက်မျိုးစိတ်၊ ဖားမျိုးစိတ်၊ မြွေမျိုးစိတ်၊ ပုတ်သင်မျိုးစိတ်၊ လိပ်မျိုးစိတ်၊ လိပ်ပြာမျိုးစိတ်၊ ရေချိုငါးမျိုးစိတ် စသည့် မျိုးစိတ်များ ကျက်စားနေထိုင် ပေါက်ရောက် လျက်ရှိကြောင်း သိရသည်။

ချပ်သင်းဘေး မဲ့တောသို့ လာရောက် လည်ပတ်မည်ဆိုပါက မန္တလေးမြို့မှ ကန့်ဘလူမြို့ ချပ်သင်း ဘေးမဲ့တောထိ တိုက်ရိုက်လာ ရောက်လေ့လာနိုင်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment