Pages

Thursday, May 25, 2017

မိုင်းပျဉ်းမြို့နယ်မှ ပြည်သူ့စစ် (ဌာနေ)အဖွဲ့ဝင်များအား တွေ့ဆုံ၊ ဆေးရုံတက်ရောက်ကုသ မှုခံယူနေသူများအား ကြည့်ရှုအားပေး


တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် အောင်ဇော်အေး ပန်းပေါင်းစုံ ရုပ်ပွားဆင်းတုတော်များ
 ပေးအပ်လှူဒါန်းစဉ်။ 
တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရေပိုက်များနှင့်ဆောက်လုပ်ရေးပစ္စည်းများ ပေးအပ်လှူဒါန်းစဉ်။

နေပြည်တော် ၂၅-၅-၂၀၁၇

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့နယ်မှ ပြည်သူ့စစ် (ဌာနေ)အဖွဲ့ဝင်များအား မေ၂၃ ရက် နေ့လယ်ပိုင်းတွင် တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေးနှင့် အဖွဲ့ဝင်များက မိုင်းပျဉ်းတပ်နယ်ခန်းမ၌ သွားရောက်တွေ့ဆုံသည်။

ဦးစွာတိုင်းမှူးက အမှာစကားပြောကြားပြီး ပြည်သူ့စစ် (ဌာနေ) အဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရေပိုက်များနှင့် ဆောက်လုပ်ရေး ပစ္စည်းများ ပေးအပ်လှူဒါန်းသည်။

ထို့ပြင် နံနက်ပိုင်းကလည်း တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် မက်မန်းမြို့၊ ပညာဒီပဘုန်းတော်ကြီးကျောင်း ဆရာတော်ဘဒ္ဒန္တစန္ဒာသီရိ အားဖူးမြော်၍ သင်္ကန်းနှင့်လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး မက်မန်းမြို့နယ်နှင့် ဒေသခံ ကျေးရွာများမှ အဆိုပါ ဘုန်းတော်ကြီးကျောင်းတွင် စာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများ နေထိုင်ရန် ကျောင်းဝင်းအတွင်း ဆောက်လုပ် လျက်ရှိသည့် အိပ်ဆောင်အသစ်များအား ကြည့်ရှုကာ လိုအပ်သည်များ ညှိနှိုင်းဆောင် ရွက်ပေးသည်။

ဆက်လက်၍ မက်မန်းမြို့နယ် ပြည်သူ့ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည့် လူနာများအား
 ကြည့်ရှုအားပေး စကားပြောကြားပြီး လူနာများနှင့် ဆေးရုံဝန်ထမ်းများအား စားသောက်ဖွယ်ရာများ ပေးအပ်သည်။ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် မက်မန်းမြို့ရှိ နယ်မြေခံနယ်ခြား စောင့်တပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား အဆိုပါ တပ်ခန်းမတွင်တွေ့ဆုံ၍ တပ်မတော် (ကြည်း၊ရေ၊ လေ) မိသားစုများမှ လှူဒါန်းသည့် ပန်းပေါင်းစုံ ရုပ်ပွားဆင်းတုတော်များ၊ ပရိုဂျက်တာတစ်စုံနှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။

အလားတူ မေ ၂၁ ရက်နှင့် ၂၂ ရက်များတွင် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် တုံတာမြို့နယ်ရှိ ပြည်သူ့စစ် (ဌာနေ)အဖွဲ့ဝင်များ၊ မက်မန်းမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ မိုင်းပျဉ်းမြို့နှင့် တုံတာမြို့များရှိ အခြေခံပညာ အထက်တန်း ကျောင်းများမှ ဆရာ၊ဆရာမများအား သွားရောက်တွေ့ဆုံ၍ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများမှ ပေးအပ်လှူဒါန်းသည့် ကွန်ပျူတာများ၊ ပရိုဂျက်တာများ၊ ရေပိုက်များ၊ ဆောက်လုပ်ရေး ပစ္စည်းများနှင့် စားသောက် ဖွယ်ရာများ အားပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment