Pages

Thursday, May 25, 2017

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အတွက်မောင်းသူမဲ့လေယာဉ် လေးစီး တည်ဆောက်ပေး




မိတ္ထီလာ ၂၅-၅-၂၀၁၇

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (UNFAO) နှင့် ဂျပန်နိုင်ငံ၏ ကူညီပံ့ပိုးမှုဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနအတွက် မောင်းသူမဲ့လေယာဉ် (Drone) လေးစီးကို မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်မောင်းသူမဲ့ လေယာဉ်ဌာနမှ တာဝန်ယူတည်ဆောက်ပြီးစီး သွားပြီဖြစ်ရာ မကြာမီပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ မောင်းသူမဲ့လေယာဉ် (Drone) လေးစီးမှ နှစ်စီးမှာ ပန်ကာခြောက်လုံးတပ် မောင်းသူမဲ့ လေယာဉ်အမျိုးအစား ဖြစ်ပြီး ကျန်နှစ်စီးမှာ လက်ပစ်မောင်းသူ မဲ့လေယာဉ်ဖြစ်ကြောင်း၊ ပန်ကာခြောက်လုံးတပ် မောင်းသူမဲ့ လေယာဉ်သည် အလိုအလျောက် အဆင်းအတက် ပြုလုပ်နိုင်ပြီး ဆာဗေးတိုင်းတာ ချိန်တစ်ကြိမ်လျှင် ၂၈မိနစ်ကြာ တစ်နေ့ခြောက်ကြိမ် ပျံသန်းနိုင်ကြောင်း၊ ထူးခြားချက်မှာ အနီအောက်ရောင်ခြည်သုံး ကင်မရာ (NDVI) တပ်ဆင်ထားသောကြောင့် စိုက်ပျိုးသီးနှံရှင်သန် ကြီးထွားမှုကို လေ့လာသိရှိနိုင်ပြီး စိုက်ပျိုးသီးနှံများအတွက် လိုအပ်သည့်ရေဓာတ်နှင့် ရောဂါပိုးကာကွယ်ဆေးများ ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ကြောင်း၊ လက်ပစ်မောင်းသူမဲ့ လေယာဉ် သည် တစ်ကြိမ်ပျံသန်းလျှင် ၄၅ မိနစ်ကြာ ပျံသန်းပြီး တစ်နေ့လျှင် (၃)ကြိမ် ပျံသန်းနိုင်ကြောင်း မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာ တက္ကသိုလ် မောင်းသူမဲ့လေယာဉ်ဌာန ပါမောက္ခ၊ ဌာနမှူး ဒေါက်တာ သဲမောင်မောင် ကပြောပြသည်။

အဆိုပါမောင်းသူမဲ့ လေယာဉ်ဌာနမှ ချင်းပြည်နယ်သဘာဝ ဘေးဒဏ်ခံဒေသများ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွင်း ကောင်းကင်ဓာတ်ပုံရိုက်ယူ၍ အသုံးချမြေပုံ ထုတ်လုပ်ပေးခြင်း၊ မကွေးတိုင်းဒေသကြီး ရေကြီးနစ်မြုပ် သော ဒေသများရှိ စိုက်ပျိုးရေးလုပ်ငန်း အသုံးချမြေပုံ များထုတ်လုပ်ပေးခြင်း၊ ငလျင်ဒဏ်ခံရသည့် ပုဂံ-ညောင်ဦးဒေသမှ ရှေးဟောင်းဘုရား စေတီများ သရီးဒီမြေပုံ ထုတ်လုပ်ခြင်းနှင့် အသုံးချမြေပုံများ ထုတ်လုပ်ပေးခြင်းတို့အပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိဌာန များမှ အရာထမ်း၊ အမှုထမ်းများ၂၉ဦးအား ပထမဆုံးအကြိမ် လုပ်ငန်းအသုံးချ မောင်းသူမဲ့ လေယာဉ် (Drone) မောင်းနှင်နည်း သင်တန်းကို ဖွင့်လှစ်ပို့ချပေးခဲ့ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment