Pages

Friday, May 5, 2017

မိုးကုတ်မြို့ ဘားနဒ်စစ် သင်္ချိုင်းအနီးရှိ ရှေးဟောင်းလက်နက်တိုက် ထိန်းသိမ်းပြုပြင်ရန် လယ်ပိုင်ရှင်များနှင့် ညှိနှိုင်းသွားမည်



မိုးကုတ် ၅-၅-၂၀၁၇

မန္တလေးတိုင်း ဒေသကြီးမိုးကုတ် မြို့နယ် ရွာသာရွာကျေးရွာ အုပ်စုအတွင်း ဘားနဒ် စစ်သင်္ချိုင်းအနီးရှိ အင်္ဂလိပ်ခေတ်က အသုံးပြုခဲ့သော ရှေးဟောင်းလက်နက် တိုက်ကိုထိန်း သိမ်းပြုပြင်မှုများ ပြုလုပ်နိုင်ရန် အဆိုပါ လက်နက်တိုက် နေရာအနီးရှိ လယ်ပိုင်ရှင် တောင်သူများနှင့် ညှိနှိုင်းမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း မိုးကုတ်မြို့ နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးဝင်းတင်က ပြောပြသည်။

''အရင်တုန်းကတော့ လူနေထိုင်မှု နည်းသေးတော့ မသိသာဘူး။ အခုလူနေထိုင်မှုက တအားများလာတယ်။ နောက်ဆုံး လက်နက်တိုက်နေရာကိုပါ တောင်သူတွေက ပိုင်ဆိုင်မှု တွေရှိလာကြပြီး လယ်ယာ မြေလုပ်ပိုင်ခွင့် လက်မှတ် (ပုံစံ-၇)နဲ့ စိုက်ပျိုးနေကြတာ ဆိုတော့ ကျွန်တော်တို့ အနေနဲ့ ပထမအဆင့် အလှူခံသွားမယ်။ အဲဒီလိုမှ အဆင်မပြေဘူးဆိုရင်လဲ ကျွန်တော်တို့အနေနဲ့ ငွေရေးကြေးရေးနဲ့ ပြန်လည်ဝယ်ယူဖို့ အစီအစဉ်တွေ ရှိပါတယ်''ဟု ၎င်းက ဆက်လက် ပြောပြသည်။

အဆိုပါ လက်နက်တိုက်သည် အင်္ဂလိပ်ခေတ်က အင်္ဂလိပ်စစ်သားများ အနေဖြင့် ဗုံးဒဏ်၊ သေနတ်ဒဏ်ခံနိုင်သည့် လက်နက်တိုက်တစ် ခုကို တည်ဆောက်ထား ခဲ့ခြင်းဖြစ်ပြီး လက်နက်တိုက် ဧရိယာသည် ခန့်မှန်း ၂၅ ပေ ပတ်လည်ခန့် ကျယ်ဝန်းသည်။

#Themyawadydaily

No comments:

Post a Comment