Pages

Thursday, May 25, 2017

ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများပေးအပ်


အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မျိုးဝင်း တပ်မတော်သားမိသားစုဝင် ကျောင်းသားတစ်ဦးကို စာရေးကိရိယာများပေးအပ်စဉ်။

နေပြည်တော် ၂၅-၅-၂၀၁၇

၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်တွင် တက်ရောက်ပညာ သင်ကြားကြမည့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားမိသားစုဝင် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ပေးအပ်ခြင်းကို ယနေ့တွင် တိုင်းစစ်ဌာနချုပ် အောင်ဆန်းခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက် ရောက်ကြသည်။

ဦးစွာတိုင်းမှူးက ကျောင်းဝတ်စုံနှင့်စာရေး ကိရိယာများပေးအပ်ခြင်း နှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံနှင့်စာရေးကိရိယာ များ ပေးအပ်သည်။

အလားတူ တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှု အောက်တပ်နယ် အသီးသီးတွင်လည်း ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၉၁၅၆ ဦးအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment