Pages

Thursday, May 4, 2017

မြန်မာ့သစ်သီးဝလံ လုပ်ငန်းရှင်များအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှတစ်ဆင့် လက်ရှိချေးငွေအစီအစဉ်များကို တိုးမြှင့်ရရှိနိုင်ရေး စီစဉ်ဆောင်ရွက်ပေးမည်



ရန်ကုန် ၄-၅-၂၀၁၇

မြန်မာ့သစ်သီးဝလံ လုပ်ငန်းရှင်များ အတွက်မြန်မာ့ လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှတစ်ဆင့် လက်ရှိချေးငွေ အစီအစဉ်များကို တိုးမြှင့်ရရှိနိုင်ရေး စီစဉ်ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပုဂ္ဂလိကကဏ္ဍ ကိုယ်စားလှယ် များဆွေးနွေးပွဲ သတင်းများအရ သိရသည်။

အဆိုပါတွေ့ဆုံ ဆွေးနွေးပွဲကို မေ၂ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၌ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တွေ့ဆုံပွဲတွင် မြန်မာ့သစ်သီးဝလံ ကဏ္ဍနှင့်ပတ်သက်၍ တွေ့ကြုံနေရသည့် လတ်တလော အခက်အခဲများနှင့် ရေရှည်ဖွံ့ဖြိုး တိုးတက်ရေး အတွက်ဆောင်ရွက် နိုင်သည်များကို သက်ဆိုင်ရာ အသင်းအဖွဲ့အစည်းများ ကတင်ပြဆွေးနွေးခဲ့ မှုအပေါ် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက မြန်မာ့သစ်သီးဝလံ လုပ်ငန်းရှင်များအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှတစ်ဆင့်လက်ရှိ ချေးငွေအစီအစဉ် များကိုတိုးမြှင့်ရရှိနိုင်ရေး စီစဉ်ဆောင်ရွက် ပေးမည်ဟု ပြန်လည်ဆွေးနွေး ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယခုအခါ သစ်သီးဝလံ၊ပန်းမန်နှင့် ဟင်းသီးဟင်းရွက်များကို ပြည်ပဈေးကွက်များသို့ တင်ပို့ ရောင်းချလျက်ရှိရာ ဟင်းသီးဟင်းရွက်နှင့် သစ်သီးကဏ္ဍတွင် ဖရဲသီးနှင့် သခွားသီးမှလွဲ၍ ကျန်သီးနှံများသည် ပြည်တွင်းထုတ်လုပ်မှုကျဆင်းလျက်ရှိကြောင်း သစ်သီးဝလံ၊ ပန်းမန်နှင့်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် ရောင်းချသူများ အသင်းဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်က ပြောကြားခဲ့ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment