Pages

Saturday, May 27, 2017

နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုသည် နယ်စပ်ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် များစွာအထောက်အကူပြုနိုင်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန၊ 
နိုင်ငံခြားရေးအတွင်းဝန်န.ီမ.H.E.Dr. S. Jaishankar အား လက်ခံတွေ့ဆုံစဉ်။

နေပြည်တော် ၂၇-၅-၂၀၁၇

နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုသည် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက်များစွာ အထောက်အကူ ပြုပါကြောင်း၊ သွားလာမှုနှင့် ဆက်သွယ်မှု လွယ်ကူကောင်းမွန်ခြင်းမှာ အဓိကကျပြီး နယ်စပ်ဒေသ လုံခြုံရေး အတွက်လည်း အထောက်အကူ ဖြစ်စေကြောင်း၊ နယ်စပ်ဒေသရှိ နှစ်ဖက်အုပ်ချုပ်မှု အဖွဲ့အစည်းများ၊ တပ်မတော်ပိုင်းဆိုင်ရာ တာဝန်ရှိသူများ ပိုမိုနီးကပ်စွာ ထိတွေ့ဆက်ဆံခြင်း၊ ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းဆွေးနွေးခြင်း၊ ဆွေးနွေးမှု များကိုလျင်မြန်စွာ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းများ လုပ်ဆောင်ကြရမည် ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိဘုရင့်နောင် ရိပ်သာဧည့်ခန်းမဆောင်၌ အိန္ဒိယပြည်ပရေးရာ ၀န်ကြီးဌာန၊ နိုင်ငံခြားရေးအတွင်းဝန် H.E. Dr. S. Jaishankar အား လက်ခံတွေ့ဆုံရာတွင် ထည့်သွင်း ပြောကြားသည်။

တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်တို့ တက်ရောက်ကြပြီး အိန္ဒိယပြည်ပ ရေးရာဝန်ကြီးဌာန၊ နိုင်ငံခြားရေးအတွင်းဝန် နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E.Mr. Vikram Misri နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် အိမ်နီးချင်းကောင်း မိတ်ဆွေနိုင်ငံများ ဖြစ်သည်နှင့်အညီ နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ကိစ္စရပ်များ၊ အပြန်အလှန် ချစ်ကြည်ရေး ခရီးစဉ်များ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖော်ဆောင်နေမှု အခြေအနေများ၊ နှစ်နိုင်ငံနယ်စပ် ဒေသလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် နှစ်ဖက်ညှိနှိုင်းဆွေးနွေးခြင်းဖြင့် ရလဒ်ကောင်းများ ရရှိရေး၊ နှစ်နိုင်ငံ နယ်နိမိတ်တိုင်းတာရေး ကိစ္စရပ်များတွင် တပ်မတော်အနေဖြင့်လည်း ကူညီလုပ်ဆောင်သွားမည့် အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အိန္ဒိယပြည်ပရေးရာ ၀န်ကြီးဌာန၊ နိုင်ငံခြားရေး အတွင်းဝန်တို့သည် အမှတ်တရလက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ပြီး အဖွဲ့ဝင်များနှင့် အတူစုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment