Pages

Monday, May 29, 2017

မိုးရာသီစိုက်ပျိုးချိန်တွင် ထယ်ရေး၊ ထွန်းရေးနှင့် စိုက်ပျိုးရေးအတွက် စက်မှုလယ်ယာဦးစီးဌာနမှ လယ်ယာသုံးစက်ကိရိယာများ ငှားရမ်းအသုံးပြုနိုင်



မုံရွာ ၂၉-၅-၂၀၁၇

၂ဝ၁၇-၂ဝ၁၈ဘဏ္ဍာနှစ် မိုးစပါး စိုက်ရာသီတွင် တောင်သူများ အနေဖြင့် အချိန်မီထွန်ယက်စိုက်ပျိုး နိုင်ရန်အတွက် မြို့နယ်စက်မှု လယ်ယာဦးစီးဌာနမှ လယ်ယာသုံး စက်ကိရိယာများကို ဈေးနှုန်းချိုသာစွာဖြင့် ငှားရမ်းအသုံးပြုနိုင် ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး စက်မှုလယ်ယာဦးစီးဌာနမှ သိရသည်။

လက်မှုလယ်ယာ စနစ်မှစက်မှု လက်ယာစနစ်သို့ ကူးပြောင်းရေးကို အထောက်အကူဖြစ်စေရန်၊ ပြောင်းလဲလာသည့် ရာသီဥတုတွင် အချိန်မီ ထွန်ယက်စိုက်ပျိုးနိုင်ရန်၊ သိပံ္ပနည်းကျ စိုက်ပျိုးခြင်းဖြင့် အထွက်နှုန်း ကောင်းမွန်ပြီး အရည်အသွေးမြင့်သည့် စပါးမျိုးများရရှိ စေရန်၊ လုပ်သားရှားပါးမှုကို ဖြေလျှော့ပေးနိုင်ရန်နှင့် တောင်သူများ စိုက်ပျိုးရေး ကုန်ကျစရိတ်များ လျှော့ချနိုင်ရန်အတွက် စက်မှုလယ်ယာဦးစီးဌာနမှ လယ်ယာသုံး စက်ကိရိယာများကို ငှားရမ်းပေးခြင်း ဖြစ်ကြောင်း သိရသည်။

''အခုအချိန်မှာက ရာသီဥတုတွေကလဲ ပြောင်းလဲလာတဲ့အတွက် သီးနှံတွေကို အချိန်ကိုက်စိုက်ပျိုးနိုင်ဖို့ ထယ်ရေး၊ ထွန်ရေးအတွက် စက်တွေငှားရမ်းပေးတာပါ။ နောက်ပြီး စပါးစိုက်ပျိုးဖို့အတွက်ကိုလဲ ပျိုးထောင်ချိန်ကနေ စိုက်ပျိုးပြီးချိန်ထိကို တာဝန်ယူပြီး ဈေးနှုန်းချိုသာစွာနဲ့ စိုက်ပျိုးပေးသွားမှာပါ။ ကောက်စိုက်စက်နဲ့ စိုက်ပျိုးတဲ့အတွက် မျိုးစပါးနို့ဆီဘူး၁ဝဝ ပဲကုန်ကျမယ်။ ပျိုးပင်အသက် ၂၅ ရက်နဲ့ ရက် ၃ဝသက်တမ်းမှာ စိုက်တဲ့အတွက်ပင်ပွားနှုန်း ကောင်းတယ်။ စိုက်ကွက်မှန်တယ်။ လုပ်အားခ သက်သာတယ်။ လုပ်သားရှားပါးမှုကို လျှော့ချပေးနိုင်တဲ့ အတွက် ဌာနပိုင်စက်ကိရိယာ တွေကို ငှားရမ်းပေးတာပါ'' ဟု တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

မြို့နယ်များရှိ စက်မှုလယ်ယာ ဦးစီးဌာနမှ လယ်ယာသုံး စက်ကိရိယာများကို ငှားရမ်းအသုံးပြုလိုသည့် တောင်သူများအနေဖြင့် ထွန်ရေးတစ်ဧကကို ငွေကျပ် ၁၃ဝဝဝနှုန်း ဖြင့်လည်းကောင်း၊ ထယ်ရေးတစ်ဧကကို ငွေကျပ် ၆၅ဝဝ နှုန်းဖြင့် လည်းကောင်း၊ ကောက်စိုက်စက် ငှားရမ်းလိုသူ များအနေဖြင့် ပျိုးထောင်ချိန်မှ စိုက်ပျိုးပြီးသည်ထိ တစ်ဧကငွေကျပ်၂၅ဝဝဝနှုန်းဖြင့် လည်းကောင်း ငှားရမ်းအသုံးပြုနိုင်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment