Pages

Thursday, May 25, 2017

တောဆင်ရိုင်းများ ဝင်ရောက်နှောင့်ယှက်ပါက အထူးလေ့ကျင့်ထားသည့် အရေးပေါ် တောဆင်မောင်းအဖွဲ့ဖြင့် မူလစားကျက်အတွင်းသို့ ပြန်လည်စေလွှတ်ပေးနေ



နေပြည်တော် ၂၅-၅-၂၀၁၇

မြန်မာ့သစ်လုပ်ငန်းအနေဖြင့် တောဆင်ရိုင်းများ ကျေးရွာများသို့ ဝင်ရောက်နှောင့်ယှက်ခြင်း၊ သီးနှံစိုက်ခင်းများ ဖျက်ဆီးခြင်းများ ဖြစ်ပေါ်လာပါက အထူးလေ့ကျင့်ထားသည့် အရေးပေါ် တောဆင်မောင်းအဖွဲ့ (Emergency Elephant Return Unit-EERU) ဖြင့်တောဆင်များကို မူလစားကျက်အတွင်း သို့ပြန်လည်စေလွှတ် ဆောင်ရွက်ပေးနေကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန သတင်းများအရ သိရသည်။

ယခုအခါ သစ်တောပြုန်းတီးမှုများ၊ လူများ၏မြို့ရွာဒေသတိုးချဲ့ လာမှုကြောင့် တောတွင်းတိရစ္ဆာန်များ ၏စားကျက်များ လျော့ပါးလာသဖြင့် သားရဲတိရစ္ဆာန်များမှာ လူနေဒေသများသို့ ဝင်ရောက်မှု များရှိလာခဲ့သည်။

လူများနေထိုင်ရာသို့ အများဆုံး ရောက်ရှိလာသည့် တောရိုင်းတိရစ္ဆာန်များမှာ ဆင်များဖြစ်သည်။ ထို့ကြောင့်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တောဦးစီးဌာန အနေဖြင့် လူနှင့်တောဆင်ပဋိပက္ခဖြစ်ပွားလေ့ရှိသည့် ကျေးရွာများတွင် တောဆင်များဝင်ရောက်ကာ စိုက်ပျိုးထားသောသီး နှံစိုက်ခင်းများသို့ ဝင်ရောက်ဖျက်ဆီးခြင်း၊ ကျေးရွာများသို့ ဝင်ရောက်နှောင့်ယှက်ခြင်း၊ ကျေးရွာအနီးတွင် ဆင်မုဆိုးကဲ့သို့ သံသယဖြစ်ဖွယ် လူစိမ်းများတွေ့ရှိပါက သက်ဆိုင်ရာမြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူ များထံသို့ အရေးပေါ်ဆက်သွယ် သတင်းပေးပို့နိုင်မည့် တယ်လီဖုန်းနံပါတ်များ ဖြန့်ဝေပေးထားပြီး သတင်းရရှိပါက အချိန်နှင့်တစ်ပြေးညီ ဖြေရှင်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment