Pages

Friday, May 12, 2017

ကျေးလက်ဒေသများတွင် စက်သုံးဆီအရောင်းဆိုင်ငယ်များကို မှတ်ပုံတင်ခွင့်ပြုပေး၍ တရားဝင်ရောင်းချနိုင်ရန် ဆောင်ရွက်လျက်ရှိ



နေပြည်တော် ၁၂-၅-၂၀၁၇

ကျေးလက်ဒေသများတွင် ရောင်းချနေကြသည့် စက်သုံးဆီအရောင်း ဆိုင်ငယ်များကို မှတ်ပုံတင်ခွင့်ပြုပေး၍ တရားဝင်ရောင်းချနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန သတင်းများအရ သိရသည်။

ပုဂ္ဂလိကစက်သုံး ဆီအရောင်းဆိုင် များကို လုပ်ကိုင်ခွင့်ပြု ပေးခဲ့သဖြင့် မြို့ပြဒေသများတွင် ပုဂ္ဂလိကစက်သုံး ဆီအရောင်းဆိုင်များ တိုးတက်များပြား လာခဲ့သည်။ ယခုအခါ ကျေးလက်ဒေသ များတွင် မော်တော်ဆိုင်ကယ် စီးနင်းသွားလာမှု များလည်း တိုးတက်များ ပြားလာသည်။ ထို့ပြင် လယ်ယာလုပ်ငန်း များတွင်လယ်ယာသုံး စက်ကိရိယာအသုံး ပြုလုပ်ကိုင်မှုများလည်း တိုးတက်များပြား လာနေသကဲ့သို့ ကျေးလက်ဒေသ စီးပွားရေး လုပ်ငန်းများတွင်လည်း အင်ဂျင်စက်အသုံးပြု လုပ်ကိုင်မှုများ တိုးတက်များပြား လာခဲ့သည်။ 

ထို့ကြောင့် ကျေးလက် ဒေသများတွင် စက်သုံး ဆီသုံးစွဲမှုများ တိုးတက်များပြား လာနေသဖြင့် စက်သုံးဆီ အရောင်းဆိုင်များလည်း တိုးတက်များပြား လာနေခြင်း ဖြစ်သည်။ အဆိုပါ ကျေးလက်ဒေသများမှ စက်သုံးဆီ အရောင်းဆိုင်များမှာ တရားမဝင်ရောင်းချ နေကြခြင်းဖြစ် သဖြင့် အဆိုပါကျေးလက်ဒေသ များတွင် ရောင်းချနေကြသည့် စက်သုံးဆီအရောင်း ဆိုင်ငယ်များကို မှတ်ပုံတင်ခွင့်ပြုပေးကာ တရားဝင်ရောင်းချ နိုင်ရန် စီစဉ်ဆောင်ရွက်
လျက်ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment