Pages

Tuesday, May 16, 2017

ကနီမြို့ရှိ လေဘေးသင့်ရပ်ကွက်များတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်


အနောက် မြောက်တိုင်း စစ်ဌာနချုပ် မုံရွာတပ်နယ်မှ တပ်မတော်သားများက လေဘေးသင့် ရပ်ကွက်များတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးစဉ်။


နေပြည်တော် ၁၆-၅-၂၀၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်အတွင်း မေ ၁၄ ရက် ညနေပိုင်းတွင် လေပြင်းတိုက်ခတ်၍ မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးသီးများ ကြွေကျမှု များကြောင့် ကနီမြို့ပေါ် ရပ်ကွက်များ၌ သစ်ပင်သစ်ကိုင်းများ ပြိုလဲကာ လူနှစ်ဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာ ရရှိခဲ့သည်။

ထို့ပြင် နေအိမ်ငါးလုံး ပြိုကျပျက်စီးပြီး ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်း၊ နေအိမ်များနှင့် အဆောက်အအုံတို့ အမိုးလန်ပျက်စီး ခြင်းများ ဖြစ်ပေါ်ခဲ့ရာ အဆိုပါနေရာများသို့ ယနေ့တွင် အနောက် မြောက်တိုင်း စစ်ဌာနချုပ် မုံရွာတပ်နယ်မှ တပ်မတော်သားများ၊ မီးသတ် တပ်ဖွဲ့ဝင်များ နှင့်ဒေသခံ ပြည်သူများ ပူးပေါင်း၍ နေအိမ်အမိုးများ ပြန်လည်မိုးပေးခြင်း၊ ပြိုကျပျက်စီး ခဲ့သောနေရာ များအား ရှင်းလင်း ဖယ်ရှားပေးခြင်း၊ သစ်ပင် သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်း ပေးခြင်းနှင့် သန့်ရှင်းရေး ပြုလုပ်ပေးခြင်းများ ဆောင်ရွက်ပေးပြီး တပ်နယ်မှ တာဝန်ရှိသူများက ဒေသခံပြည်သူ များအတွက်ဆန်၊ ခေါက်ဆွဲခြောက်ထုပ်များနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်း ခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment